ဘောလုံးနဲ့ စီးပွားရေး ဘယ်အရာကို ပိုအားစိုက်ဖြစ်နေသလဲဆိုတာ ဖွင့်ဟသွားတဲ့ ရော်နယ်ဒို

Posted on - Feb 11 []

Gunner Ksr

စာရေးသူ

အသက်အရွယ်ရလာတဲ့အချိန်မှာ ဘောလုံးနဲ့ စီးပွားရေးအကြား စီရော်နယ်ဒိုရဲ့ရွေးချယ်မှုကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့အပြိုင် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဘောလုံးလောကအတွင်း စီရော်နယ်ဒိုလုပ်ပြခဲ့တာတွေ၊ စီရော်နယ်ဒိုကြိုးစားခဲ့တာတွေ တကယ့်ကို အံမ့ခန်းစွမ်းဆောင်ရည်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးလောကမှာ စီရော်နယ်ဒိုလိုလူမျိုးနောက်ထပ်နှစ်ပေါင်း (၁၀၀) အတွင်း ထပ်မံပေါ်ထွက်လာဖို့ မလွယ်ကူဘူးလို့ ပညာရှင်တွေက သုံးသပ်ထားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စီရော်နယ်ဒိုကို ကြိုးစားမှုရဲ့ပြယုဂ်အဖြစ် အားလုံးက သတ်မှတ်ထားခဲ့တာပေါ့။

ဆင်းရဲချို့တဲ့လွန်းတဲ့ဘ၀ကနေ လာခဲ့ရသူပီပီ စီရော်နယ်ဒိုဟာ သူ့ဘ၀ရှေ့ရေးကိုလည်း မေ့မထားပါဘူး။ တကယ်တော့ ဘောလုံးသမားဘ၀ဟာ တိုတောင်းလွန်းတယ်။ အလွန်ဆုံး အနှစ် (၂၀) အပြင်ပိုကျင်လည်လို့ မရပါဘူး။

ဒါကြောင့် ဘောလုံးသမားဘ၀က အဆုံးသတ်သွားရင် ကိုယ့်ဘ၀ရှေ့ရေးအတွက် တစ်ခုခုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဘောလုံးကို ချစ်ပေမယ့် စီရော်နယ်ဒိုက အဲဒီအပိုင်းကိုလည်း မေ့မထားခဲ့ဘူး။ ဟိုတယ်တွေ တစ်ခုပြီးတစ်ခုဆောက်တယ်။ တခြားစီးပွားရေးလုပ်ငန်းတွေလည်း အများကြီးပဲ။ Sportbible နဲ့ အင်တာဗျူးမှာ စီရော်နယ်ဒိုက ဘောလုံးကိုချစ်မြတ်နိုးဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

"ဘောလုံးကို ကျွန်တော်ချစ်မြတ်နိုးဆဲပဲ။ ပရိသတ်တွေကို ဖျော်ဖြေပေးရတာကို သဘောကျတယ်။ လူတွေက စီရော်နယ်ဒိုကို ချစ်ကြတယ်။ အသက်အရွယ်က ပြဿနာမဟုတ်ပါဘူး။ အဓိကက ကြံ့ခိုင်မှုပဲ။ လွန်ခဲ့တဲ့ (၅) နှစ်လောက်ကစပြီး ဘောလုံးပြင်ပမှာ ကျွန်တော့်ရဲ့ဘ၀ကို အကောင်းဆုံးစတင်ခဲ့တယ်။ နောက် (၂) နှစ်၊ (၃) နှစ်အတွင်း ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူ့မှမသိပါဘူး။ ဘောလုံးကို ချစ်မြတ်နိုးဆဲဖြစ်ပေမယ့် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ပါတယ်"လို့ စီရော်နယ်ဒိုက ဆိုခဲ့တာ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။