ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာ ဇာဗီမကိုင်တွယ်ချင်ဆုံး တစ်သင်းတည်းသောအသင်း

Posted on - Feb 11 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာဂန္ထ၀င်ကစားသမားဟောင်းဇာဗီဟာ တကယ်လို့ သူသာနည်းပြဖြစ်လာရင် ပရီးမီးယားလိဂ်မှာ နည်းပြဖို့ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်မှာ အကိုင်တွယ်ချင်ဆုံးအသင်းတွေကို ပြောပြခဲ့ရာမှာတော့ အသင်းတစ်သင်းရဲ့နာမည်ကို အံ့အားသင့်ဖွယ်ချန်လှပ်သွားခဲ့တာ ဖြစ်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပါတယ်။

ဇာဗီဟာ ၁၉၉၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးမှာ စတင်ရွေးချယ်ခြင်းခံခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၇၆၇) ပွဲကစားကာ (၈၅) ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ စပိန်အသင်းနဲ့ ယူရို၊ ကမ္ဘာ့ဖလား စတဲ့အဓိကဆုကြီးတွေကို ရယူနိုင်ခဲ့တဲ့ဇာဗီဟာ ဘောလုံးလောကရဲ့ ဖန်တီးရှင်မှော်ဆရာအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

ဇာဗီဟာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီး ကာတာကလပ်အယ်လ်ဆက်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဇာဗီဟာ အယ်လ်ဆက်အသင်းမှာ ကစားသမား၊ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေပြီး နည်းပြဘ၀ကို ကူးပြောင်းဖို့ ကြိုးပမ်းနေသူပါ။

ဒါကြောင့် ဇာဗီဟာ တကယ်လို့ သူသာနည်းပြဖြစ်လာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ နည်းပြချင်တဲ့အကြောင်းကို ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ "ပရီးမီးယားလိဂ်မှာ ကိုင်တွယ်ခွင့်ရဖို့က ကျွန်တော့်ရဲ့ရည်မှန်းချက်ပါ။ ပရီးမီးယားလိဂ်ဟာ တကယ့်ကိုပေါက်ကွဲအားပြင်းထန်တဲ့လိဂ်ဖြစ်ပါတယ်။

တကယ်လို့ ပရီးမီးယားလိဂ် အသင်းကြီးတွေကို ကိုင်တွယ်ခွင့်ရမယ်ဆိုရင်တော့ မန်ယူ ဒါမှမဟုတ် မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ် ဒါမှမဟုတ် စပါးတို့ကို ကိုင်တွယ်သွားချင်ပါတယ်"လို့ ဇာဗီက ပြောကြားသွားခဲ့တာပါ။ ဇာဗီအနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေထဲကမှ လီဗာပူးကို အံ့အားသင့်ဖွယ်ချန်လှပ်သွားခဲ့တာကိုတော့ တွေ့ရပါတယ်။


Ref: Sportbible


Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။