ဆိုးလ်ရှားဆီက လုံးဝတန်ဖိုးရှိလွန်းစွာ ရခဲ့တဲ့အကြံဥာဏ်ကို မကွယ်မ၀ှက် ထုတ်ဖော်လိုက်ပြီဖြစ်တဲ့ လင်ဂတ်

Posted on - Feb 12 []

Gunner Ksr

စာရေးသူ

မန်ယူတိုက်စစ်မှူးလင်ဂတ်ကတော့ သူ့အနေနဲ့ နည်းပြဆိုးလ်ရှားဆီကနေ ရရှိခဲ့တဲ့ အလွန်တန်ဖိုးရှိလွန်းတဲ့ အကြံဥာဏ်ကို မကွယ်မ၀ှက်ထုတ်ဖော်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်ဟာ မန်ယူအသင်းအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်ကစပြီး အသင်းကြီးမှာ စတင်ရွေးချယ်ခြင်းခံခဲ့ရတာပါ။ အစပိုင်းမှာတော့ လင်ဂတ်ဟာ အလားအလာရှိတဲ့လူငယ်တစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့တာပါ။

မန်ယူပရိသတ်တွေအနေဲ့လည်း လင်ဂတ်ဟာ မန်ယူအသင်းရဲ့အနာဂတ်ကြယ်ပွင့်အဖြစ် ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ လင်ဂတ်ဟာ ထင်သလိုဖြစ်မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးသွားခဲ့တာကို တွေ့ရပါတယ်။ လင်ဂတ်တစ်ယောက် မန်ယူမှာ ရုန်းကန်နေရတာ တော်တော်ကြာခဲ့ပါပြီ။

လင်ဂတ်ဟာ လက်ရှိအချိန်မှာ ဖိအားတွေအောက်ရောက်နေပြီး မန်ယူပရိသတ်တွေကလည်း သူ့ကိုလုံးဝစိတ်ပျက်နေကြပါပြီ။ ဒါပေမဲ့ လင်ဂတ်ကတော့ သူ့အနေနဲ့ ဒီအခြေအနေကို စိတ်ပျက်ခြင်း မရှိဘဲ အကောင်းဆုံးကျော်ဖြတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဆီက သူ့အနေနဲ့ လုံးဝတန်ဖိုးရှိလွန်းတဲ့အကြံဥာဏ်ကို ရခဲ့ကြောင်းကို ဖွင့်ဟသွားခဲ့တာပါ။ "ကျွန်တော့်အနေနဲ့ အကောင်းဆုံးပုံစံ မရတဲ့အချိန်မှာ ဆိုးလ်ရှားဆီသွားပြီး အကြံဥာဏ်တောင်းခဲ့တယ်။ အဲဒီမှာ ဆိုးလ်ရှားက ဘောလုံးကိုအပြုံးနဲ့ ကျေကျေနပ်နပ်ကစား။ မင်းကိုယ်မင်း ယုံကြည်မှုရှိဖို့လိုတယ်။ မင်းရဲ့ပုံစံအစစ်အမှန်က ဘာလဲဆိုတာ မင်းသိပါတယ်။ အရာအားလုံးက အဆင်ပြေါတယ်။

ငါ့အနေနဲ့ အရင်လင်ဂတ်ကို ပြန်လိုချင်တယ် လို့ဆိုးလ်ရှားက ပြောခဲ့တယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးပြန်ဖြစ်အောင် ကြိုးစားသွားမယ်"လို့ လင်ဂတ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်ရဲ့ တောက်ပတဲ့အချိန်တွေ ဘယ်တော့များပြန်လာမလဲ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။