ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်မယ့်အသင်းတွေကို တိတိကျကျ ခန့်မှန်းပေးလိုက်ပြီဖြစ်တဲ့ စူပါကွန်ပျူတာ

Posted on - Feb 12 []

Gunner Ksr

စာရေးသူ

ချန်ပီယံလိဂ် (၁၆) သင်း ရှုံးထွက်အဆင့်မှာ နောက်တစ်ဆင့်တက်မယ့်အသင်းတွေနဲ့ ပတ်သက်ပြီး စူပါကွန်ပျူတာက ခန့်မှန်းမှုပြုလုပ်ခဲ့ရာမှာတော့ သူ့ရဲ့ခန့်မှန်းမှုက စိတ်ဝင်စားစရာကောင်းသလို အံ့အားသင့်စရာကောင်း နေတာလည်း တွေ့ရမှာပါ။ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မဲခွဲပွဲကို လာမယ့်တစ်ပတ်မှာ စတင်ယှဉ်ပြိုင်တော့မှာဖြစ်လို့ ပရိသတ်တွေအားလုံးလည်း ရင်ခုန်စိတ်လှုပ်ရှားနေလောက်ပါပြီ။

လာလီဂါထိပ်သီးကလပ်ရီးရဲနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့သလို လက်ရှိချန်ပီယံလိဂ်ချန်ပီယံလီဗာပူးနဲ့ အက်သလက်တီကိုတို့ရဲ့ပွဲစဉ်ကလည်း စိတ်ဝင်စားစရာကောင်းမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ အမှန်ပါပဲ။ တခြားပွဲစဉ်တွေအဖြစ် ပီအက်စ်ဂျီနဲ့ ဒေါ့မွန်၊ အတ္တလန္တာနဲ့ ဗလန်စီယာ၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်၊ လိုင်ယွန်နဲ့ ဂျူဗင်တပ်၊ စပါးနဲ့ လိုက်ပဇစ်၊ နာပိုလီနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။

အခုအခါ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရဲ့ နောက်တစ်ဆင့်တက်မယ့်အသင်းနဲ့ ရလဒ်အတိအကျကို စူပါကွန်ပျူတာက ခန့်မှန်းတွက်ချက်ပေးခဲ့တာပါ။ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ဗလန်စီယာ၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ လိုက်ပဇစ်နဲ့ ဘာစီလိုနာတို့က နောက်တစ်ဆင့်တက်သွားလိမ့်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့တာပါ။

အားလုံးစိတ်ဝင်စားနေတဲ့ ရီးရဲနဲ့ မန်စီးတီးတို့ရဲ့ပွဲစဉ်မှာတော့ ပထမအကျော့ဘာနေဗျူးမှာ (၁-၁) ဂိုးနဲ့ သရေကျကာ ဒုတိယအကျော့မှာတော့ မန်စီးတီးက အိမ်ကွင်းမှာ (၃-၁) ဂိုးနဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ အက်သလက်နဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်မှာတော့ အက်သလက်တီကိုက အဝေးကွင်းဂိုးနဲ့ နောက်တစ်ဆင့်တက်သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါကြောင့် စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှု အပြည့်အစုံကို ဖော်ပြပေးလိုက်ရပါတယ်။

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်အတွက် စူပါကွန်ပျူတာရဲ့ခန့်မှန်းမှုအပြည့်အစုံ

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်အတွက် စူပါကွန်ပျူတာရဲ့ခန့်မှန်းမှုအပြည့်အစုံ (၂)

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။