ဘ၀တစ်ပါးကို ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့ မင်းသမီးအသစ်လေး Go Soo Jung

Posted on - Feb 12 []

Mia Zin

စာရေးသူ

သရုပ်ဆောင်နယ်ပယ်ထဲကို စတင်ခြေချပြီး အနုပညာလှုပ်ရှားမှုတွေကို ကျရာနေရာကနေ ပါဝင်လှုပ်ရှားနေတဲ့ သရုပ်ဆောင်မင်းသမီးအသစ်လေး Go Soo Jung ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ဘ၀တစ်ပါးကို ပြောင်းရွှေ့လို့သွားခဲ့ပြီဖြစ်ကြောင်းကို သူမရဲ့အေဂျင်စီဖြစ်တဲ့ Story J Company ကနေ ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အတည်ပြုထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

"မင်းသမီး Go Soo Jung ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ဒီလောကကြီးကို နှုတ်ဆက်ထွက်ခွာလို့သွားခဲ့ပြီး ကောင်းကင်ပေါ်က ကြယ်လေးတစ်ပွင့်အဖြစ်ကို ရောက်ရှိလို့သွားခဲ့ပါပြီ" လို့ရေးသားထားတဲ့ စာနဲ့အတူ အေဂျင်စီဘက်နေထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

သူမဟာ ကွယ်လွန်ချိန်မှာ အသက် ၂၅ နှစ်အရွယ်သာရှိသေးပြီး သူမရဲ့ နာရေးအခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက ကျန်ရစ်သူ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲ အကျဉ်းချုံးပြုလုပ်ခဲ့ကာ ကွယ်လွန်သွားရတဲ့ အကြောင်းအရင်းကတော့ အပြင်းအထန်ဖျားနာမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Go Soo Jung ဟာ ၂၀၁၆ ခုနှစ်တုန်းက နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Goblin မှာ ပါဝင်ပြီးသရုပ်ဆောင်ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ကာ 'Solomon's Perjury' မှာလည်း ပါဝင်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် BTS ရဲ့ 'With Seoul' MV မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

Ref : KStarLive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။