ဗယ်လင်တိုင်းအကြို သားလေးဂျက်ဂျက်နဲ့ သမီးလေးကို တွေ့ဆုံစေခဲ့တဲ့ စန္ဒီမြင့်လွင်

Posted on - Feb 13 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် အဆိုတော်မလေး နှစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင် နဲ့ နန်းမြတ်ဖြိုးသင် တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးတွေပါ။ သူမတို့က လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေးတွေဆိုလည်း မမှားပါဘူး ။ အဆိုပိုင်းမှာရော သရုပ်ဆောင် ပိုင်းမှာ နေရာယူထားကြတဲ့ သူတို့ နှစ်ယောက် က ရင်သွေးလေးတွေ ကိုယ်စီပိုင်ဆိုင်ထားကြပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စန္ဒီမြင့်လွင် နဲ့ နန်းမြတ်ဖြိုးသင် တို့က သားလေးနဲ့ သမီးလေးကို တွေ့ဆုံပေးကြတဲ့ ချစ်စရာ ပုံရိပ်ကလေးတွေကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်း၊ သမီးလေးနဲ့ အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သူမက ဒီတစ်ခါမှာတော့ နန်းမြတ်ဖြိုးသင် တို့သားအမိ နဲ့ တွေ့ဆုံတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာပါ။

စန္ဒီမြင့်လွင် က "ကိုကိုဂျက်ဂျက်နဲ့ညီမလေးထရက်ရှာဗယ်လင်တိုင်းအကြိုတွေ့ကြတယ်" ဆိုပြီး သမီးလေးနဲ့ သားလေး ဂျက်ဂျက်တို့ရဲ့ ချစ်စရာပုံရိပ်လေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

သားလေး ဂျက်ဂျက် ကလည်း ပရိသတ်အချစ်တော်လေး ဖြစ်သလို ၊ ထရက်ရှာလေးကလည်း ပရိသတ်တွေ သဲသဲလှုပ်ချစ်ခံနေရသူလေးပါ။

သားလေး ဂျက်ဂျက် နဲ့ သမီးလေး ထရက်ရှာ တို့ရဲ့ ချစ်စရာပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

နန်းမြတ်ဖြိုးသင် သားလေးနဲ့ စန္ဒီ့မြင့်လွင် သမီးလေး တို့ရဲ့ ချစ်စရာ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;sandy myint lwin

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။