Valentine's Day မှာ ချစ်သူစုံတွဲတွေ မဖြစ်မနေကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားများ

Posted on - Feb 13 []

Rowena

စာရေးသူ

မနက်ဖြန်ဆိုရင် ချစ်သူစုံတွဲတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ Valentine's Day (ချစ်သူများနေ့) လေးကို ရောက်ရှိလာပြန်ပါပြီ။ ထိုနေ့လေးမှာဆိုရင် ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေကို ထုတ်ဖော်ပြသတဲ့အနေနဲ့ လက်ဆောင်ပစ္စည်းတွေပေးကြသလို သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်တွေကိုလည်း အတူတူ ဖြတ်သန်းကြတာပဲ ဖြစ်ပါတယ်။ Valentine's Day မှာ အပြင်လျှောက်မလည်ချင်ပဲ အိမ်မှာပဲ ရုပ်ရှင်ကြည့်ရင်း Chill ချင်ပါတယ်ဆိုတဲ့ ချစ်သူတွေအတွက် Valentine's Day မှာ ကြည့်ရှုလို့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Romeo & Juliet

Romeo & Juliet ဆိုတာနဲ့ သနားစရာကောင်းတဲ့ ချစ်သူစုံတွဲတစ်တွဲအဖြစ် မြင်ယောင်လာမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်မင်းသားကြီး Leonardo diCarprio သရုပ်ဆောင်ထားတဲ့ Romeo & Juliet ရုပ်ရှင်ဇာတ်ကားကတော့ ချစ်တတ်တဲ့ ချစ်သူစုံတွဲတွေအနေနဲ့ ကြည့်ကိုကြည့်သင့်ပါတယ်။

Titanic

ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ၀င်ငွေအကောင်းဆုံးဇာတ်ကားဖြစ်တဲ့ Titanic ရုပ်ရှင်ဇာတ်ကားကြီးကို လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ကမ္ဘာကျော် Titanic သဘောင်္ကြီးရဲ့ ဖြစ်ရပ်မှန်အကြောင်းနဲ့ ချစ်သူနှစ်ယောက်ရဲ့ ဝမ်းနည်းဖွယ် အဆုံးသတ်ကြောင့် ကြည့်ပြီးတိုင်း ရင်ထဲမှာ ခံစားချက်တစ်ခုခု ကျန်ရစ်စမြဲမို့ ချစ်သူတွေအတွက် V Day မှာ အတူတူ ကြည့်သင့်ပါတယ်။

After

ဆယ်ကျော်သက် လူငယ်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ After က မင်းသားချောလေး Hero Fiennes-Tiffin နဲ့ မင်းသမီးချောလေး josephine langford တို့ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ After ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းတွေနဲ့ ကြည်နူးစရာဇာတ်ဝင်ခန်းတွေကြောင့် စုံတွဲတွေ ကြိုက်ကိုကြိုက်နှစ်သက်ကြမှာ ဖြစ်ပါတယ်။

To All the Boys I’ve Loved Before

လူငယ်ဖန်စီဇာတ်ကားလေးတစ်ကားဖြစ်တဲ့ To All the Boys I’ve Loved Before ရုပ်ရှင်ဇာတ်ကားက Netflix ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကောင်မလေးရဲ့ ရင်ခုန်မှုတွေနဲ့ ရေးသားထားတဲ့ ရည်းစားစာတွေက ကျောင်းမှာပြန့်သွားခဲ့ပြီး ကောင်မလေးတစ်ယောက် ဟန်ဆောင်ရည်းစားနဲ့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားလေးကလည်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးမို့ စုံတွဲတွေ အေးအေးဆေးဆေး ကြည့်လို့ကောင်းပါတယ်။

Me Before You

2016 ခုနှစ်မှာထွက်ရှိခဲ့ပြီး Game Of Thrones မင်းသမီးနဲ့ Emilia Clarke နဲ့ မင်းသား Sam Claflin တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Romance/ Drama ဇာတ်ကား Me Before You ဟာ လူငယ်ချစ်သူစုံတွဲတွေထဲမှာ ထိတ်ထိတ်ကြဲ ရေပန်းစားခဲ့တာမို့ V Day မှာ ချစ်သူစုံတွဲတွေအနေနဲ့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

The Notebook

Titanic လိုပဲ ဂန္တ၀င်အချစ်ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Notebook ရုပ်ရှင်ဇာတ်ကားကိုလည်း V Day လိုနေ့ မျိုးမှာ ကြည့်ဖို့ အတွက် ချန်မထားသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

Kid

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။