ဖာဂူဆန်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ မကွယ်မ၀ှက် ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပြီဖြစ်တဲ့ နာနီ

Posted on - Feb 13 []

Gunner Ksr

စာရေးသူ

မန်ယူဂန္ထ၀င်နည်းပြကြီးဖာဂူဆန်နဲ့ ပတ်သက်ပြီး နာနီဟာ အမှတ်တရအောက်မေ့ဖွယ် တသသ ချီးကျူးသွားခဲ့တာဖြစ်ပြီး ဒီစကားတွေက မန်ယူပရိသတ်တွေရဲ့ရင်ကို လုံးဝလှုပ်ခတ်သွားစေမှာ အသေအချာပါပဲ။ ဖာဂူဆန် ဆိုတာ မန်ယူအတွက်သာမက ဘောလုံးသမိုင်းတစ်ခုအတွက် တကယ့်ကို ဂန္ထ၀င်မြောက်တဲ့ နည်းပြကြီးပါ။ ဖာဂူဆန်လက်ထက်မှာ မန်ယူဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိလာခဲ့တာပါ။

ဖာဂူဆန်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ဖလား (၁၃) ကြိမ် ရယူပေးနိုင်ခဲ့တဲ့အထိ မြင့်မားလွန်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။ ပေါ်တူဂီဝါရင့်ကစားသမားနာနီဟာ ဖာဂူဆန်လက်ထက် မန်ယူအသင်းမှာ နှစ်ပေါင်းအတော်ကြာ ကစားပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သူပါ။

ဖာဂူဆန် လက်အောက်မှာ နှစ်ပေါင်းအတော်ကြာ ကစားခဲ့တဲ့အတွက် ဖာဂူဆန်ဟာ ဘယ်လောက်တောင် ထူးချွန်သူဖြစ်ကြောင်းကို နာနီတစ်ယောက် ကောင်းကောင်းသိထားမှာပါ။ အခုအခါ မီဒီယာတစ်ခုနဲ့ တွေ့ဆုံရာမှာတော့ နာနီဟာ ဖာဂူဆန်နဲ့ ပတ်သက်ပြီး အခုလို ချီးကျူးသွားခဲ့ပါတယ်။

"ဖာဂူဆန်က တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ ကစားသမားတစ်ယောက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူ။ နောက်ပြီး ကစားသမားတစ်ယောက်ချင်းစီရဲ့အကြောင်းကိုလည်း အလုံးစုံ သေချာသိပါတယ်။

သူ့ထက် ငယ်တဲ့သူပဲဖြစ်ဖြစ်၊ ကြီးတဲ့သူပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေး တကယ့်ကို ကောင်းမွန်တဲ့သူပါ"လို့ နာနီက ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း လက်ရှိအချိန်အထိ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလျက်ရှိနေပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။