အနုပညာလောကထဲကို ဝင်ရောက်လာပြီဖြစ်တဲ့ ကျော်ရဲအောင် ရဲ့ သမီးလေး မှုံနံ့သာကျော်ရဲအောင်

Posted on - Feb 13 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင်ရဲ့သမီးလေး မှုံနံ့သာ ကျော်ရဲအောင်ဟာ ဆိုရင် ဖခင်လိုပဲ အနုပညာဝါသနာပါသူလေးပါ။ သူမက ပညာရေးကို ဦးစားပေးနေရတာကြောင့်ရံဖန်ရံခါမှသာ အနုပညာအလုပ်ကိုလုပ်ရတာပဲ ဖြစ်ပါတယ်။ မှုံနံ့သာက သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ တော့ သူမရဲ့အလှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် မှုံနံ့သာကျော်ရဲအောင်က အနုပညာလောကထဲ ဝင်ရောက်လာပြီ ဖြစ်ကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မှုံနံ့သာကျော်ရဲအောင်က အနုပညာလောကနဲ့ရင်းနှီးပြီးသားဖြစ်တာကြောင့်သူမနဲ့စိမ်းမနေတော့ပါဘူး ။ ငယ်ငယ်လေးတည်းက ဖခင်ရူတင်တွေမှာလိုက်ပါခဲ့ဖူးတဲ့သူမက ဆယ်လီရုပ်ရှင်ဇာတ်ကားမှာလည်းပထမဆုံးပါဝင်သရုပ်ဆောင်ဖူးသူပါ။ သူမက photo model လုပ်ရတာလည်း ဝါသနာပါသူလေးပါတဲ့။

မှုံနံ့သာကျော်ရဲအောင် က ခုဆိုရင် အနုပညာလောကထဲကို ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ သူမက ရခဲ့သမျှ အရာရာ ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် သက်မွန်မြင့် တို့နဲ့ အတူ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သူမ ဖခင်ဖြစ်သူ ပရိသတ်အချစ်တော် ဝါရင့်သရုပ်ဆောင် ကျော်ရဲအောင် ကလည်း သူမ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်ပြပေးသွားမှာဖြစ်ပြီး သူမအတွက် အထူးပံ့ပိုးပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

မှုံနံသာကျော်ရဲအောင် က သူမတစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့သိရပါတယ်။

သရုပ်ဆောင် ကျော်ရဲအောင်ရဲ့သမီးလေး မှုံနံ့သာကျော်ရဲအောင်ရဲ့ပုံရိပ်ကလေးတွေကို ပရိသတ်ကြီးသဘောကျလိမ့်မယ်ထင်ပါတယ်။ မိုမိုလေးပရိသတ်ကြီးပလည်း ဖခင်ဖြစ်သူကျော်ရဲအောင်ကို အားပေးသလို သမီးလေးမှုံနံ့သာကိုလည်း ချစ်ပေးကြပါဦးနော်။

Moekalay
Source;hmone nathar

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။