သင့်ရဲ့အလုပ်လစာထက် အဆပေါင်းများစွာသာလွန်နေတဲ့ BTS အဖွဲ့ဝင်တို့ရဲ့ လက်ပတ်နာရီတန်ဖိုးများ

Posted on - Feb 13 []

Mia Zin

စာရေးသူ

ဖက်ရှင်ကျ၊ စတိုင်လ်ကျတဲ့သူတစ်ယောက်ရဲ့ အသွင်ရရှိဖို့အတွက် ထောက်ပံ့ပေးတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ လက်ပတ်နာရီဟာလည်း တစ်ခုအပါအ၀င်ပါပဲ။ ဒါကြောင့်လည်း လက်ပတ်နာရီတစ်လုံးရဲ့တန်ဖိုးဟာဆိုရင် သိန်းရာနဲ့ချီအောင် မြင့်မားနေတာ ဖြစ်ပါတယ်။ ကမ္ဘာကျော် K-pop Idol အဖွဲ့ဖြစ်တဲ့ BTS ရဲ့ အဖွဲ့ဝင်တွေ ၀တ်ဆင်အသုံးပြုတဲ့ လက်ပတ်နာရီတွေရဲ့ တန်ဖိုးဟာဆိုရင် တစ်လုံးကို အနည်းဆုံးသိန်းဆယ်ဂဏန်းရှိတာကို တွေ့ရပါတယ်။ ဒါဆိုရင် သင့်ရဲ့လုပ်ခလစာထက် အဆပေါင်းများစွာ သာလွန်နေတဲ့ BTS အဖွဲ့ဝင်တွေရဲ့ လက်ပတ်နာရီတန်ဖိုးတွေက ဘယ်လောက်တောင်ရှိသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

#10. Rolex Oyster Perpetual Datejust 34 (Jin)

Jin ၀တ်ဆင်ထားတဲ့ ဒီလက်ပတ်နာရီရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၂၅၀ ရှိပြီး မြန်မာငွေကြေးနဲ့တွက်ချက်ကြည့်ရင်တော့ ကျပ် ၇၃ သိန်းကျော်ရှိပါတယ်။ ဒီတန်ဖိုးပမာဏဟာ အရမ်းကိုများပြားတယ်ဆိုပေမယ့်လည်း အခုဖော်ပြပေးမယ့် လက်ပတ်နာရီတွေရဲ့တန်ဖိုးထဲမှာဆိုရင်တော့ ဈေးအသက်သာဆုံးလို့ဆိုလို့ရပါတယ်။

ဒါ့အပြင် ဒီပမာဏဟာ သြစတြေးလျ၊ ကနေဒါနဲ့ တခြားသောဥရောပနိုင်ငံတွေမှာဆိုရင် တစ်နှစ်စာ ကျူရှင်စရိတ်ကို ပေးနိုင်တဲ့ပမာဏဖြစ်တယ်လို့ သိရပါတယ်။

#9. Cartier Tank Americaine (Jimin)

Jimin ၀တ်ဆင်ထားတဲ့ Cartier Tank Americaine ကတော့ အမေရိကန်ဒေါ်လာ ၅၇၅၀ ရှိတာကြောင့် သူ့ရဲ့တန်ဖိုးကိုလည်း မြန်မာငွေနဲ့တွက်ကြည့်လိုက်ရင် ကျပ် သိန်း ၈၀ ပတ်ဝန်းကျင်ရှိပါတယ်။

ဒီနာရီဟာဆိုရင် Jimin အမြဲတမ်းလိုလိုဝတ်ဆင်တတ်တဲ့ နာရီတွေထဲက တစ်လုံးဆိုရင်လည်း မမှားပါဘူး။

#8. Rolex Oyster Perpetual Datejust 36 (Suga)

Suga ရဲ့ Rolex အမှတ်တံဆိပ် ဒီနာရီကတော့ ကန်ဒေါ်လာ ၁ သောင်းပတ်ဝန်းကျင်ရှိပြီး မြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့ သိန်း ၁၅၀ နီးပါးရှိတဲ့ နာရီတစ်လုံးဖြစ်ပါတယ်။

Rolex အမှတ်တံဆိပ်ဟာ BTS အဖွဲ့ဝင်တွေရဲ့အကြိုက်ဆုံး အမှတ်တံဆိပ်ဖြစ်ပြီး Jungkook မှာလည်း ဒီလိုမျိုး Collection ထဲကတစ်လုံးရှိတယ်လို့ သိရပါတယ်။

#7. Audemars Piguet Royal Oak Selfwinding (Suga)

ဒီပုံထဲမှာ Suga ၀တ်ဆင်ထားတဲ့ နာရီကတော့ Audemars Piguet အမှတ်တံဆိပ်ဖြစ်ပြီး သူ့ရဲ့တန်ဖိုးကတော့ ကန်ဒေါ်လာ ၁၈၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီနာရီရဲ့ တန်ဖိုးကတော့ မြန်မာငွေ ကျပ် ၂၅၂ သိန်းပတ်ဝန်းကျင်ရှိတယ်လို့ ဆိုလို့ရပါတယ်။

#6. Jaeger-LeCoultre Master Eight Days (V)

V ၀တ်ဆင်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံထုတ် Jaeger-LeCoultre အမှတ်တံဆိပ်နာရီကတော့ ကန်ဒေါ်လာ ၁၈၅၀၀ ပတ်ဝန်းကျင်ရှိပြီး ဒီနာရီဟာ သူဝတ်ဆင်လေ့ရှိတဲ့ တန်ဖိုးကြီးနာရီတွေထဲက တစ်လုံးဖြစ်ပါတယ်။

#5. Rolex Cosmograph Daytona (Jungkook)

Jungkook ဟာဆိုရင် Rolex အမှတ်တံဆိပ်နာရီတွေကို စုဆောင်းရတာ ၀ါဿနာပါသူဖြစ်ပြီး ၀တ်ဆင်ထားတဲ့ ဒီနာရီကတော့ ကန်ဒေါ်လာ ၂၂၅၀၀ ရှိတယ်လို့ သိရပါတယ်။

#4. Audemars Piguet Royal Oak Selfwinding (J-Hope)

J-Hope ၀တ်ဆင်ထားတဲ့ Audemars Piguet အမှတ်တံဆိပ်နာရီကတော့ ကန်ဒေါ်လာ ၃၃၀၀၀ ရှိပြီး မြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့ သိန်း ၄၆၀ ကျော်ပတ်ဝန်းကျင်ရှိပါတယ်။

#3. Jaeger-LeCoultre Duomètre Quantième Lunaire (V)

Jaeger-LeCoultre Duomètre Quantième Lunaire ဟာဆိုရင် V အကြိုက်ဆုံး လက်ပတ်နာရီတွေထဲက တစ်လုံးအပါအ၀င်ဖြစ်ပြီး တန်ဖိုးအားဖြင့်ကတော့ ကန်ဒေါ်လာ ၄၁၇၅၀ ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၅၀၀ ပတ်ဝန်းကျင်ရှိပြီး ဒီနာရီဟာဆိုရင် V ရဲ့ Fansite ဖြစ်တဲ့ Kim Taehyung Bar ကနေပေးထားတဲ့ လက်ဆောင်ဖြစ်တယ်လို့ သိရပါတယ်။

#2. Patek Phillipe Nautilus 5712R (RM)

RM ကတော့ BTS အဖွဲ့ဝင်တွေထဲမှာ တန်ဖိုးအကြီးဆုံးသောလက်ပတ်နာရီတွေကို ပိုင်ဆိုင်တဲ့အဖွဲ့ဝင်လို့ဆိုလို့ရပါတယ်။ ပုံထဲမှာပါဝင်တဲ့ သူဝတ်ဆင်ထားတဲ့နာရီဟာဆိုရင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ နီးပါးရှိပြီး ဒါဟာ သူ့ရဲ့နာရီတွေထဲက ဈေးအမြင့်ဆုံးသောနာရီတော့ မဟုတ်သေးပါဘူး။

#1. Rolex Day-Date Platinum Bar (RM)

ပုံထဲမှာ RM ၀တ်ဆင်ထားတဲ့ Rolex အမှတ်တံဆိပ် Day-Date Platinum Bar နာရီကတော့ BTS အဖွဲ့ဝင်တွေ ပိုင်ဆိုင်တဲ့နာရီထဲမှာဆိုရင် တန်ဖိုးအကြီးဆုံးဖြစ်ကာ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၇၀၀၀ ပတ်ဝန်းကျင်ရှိပြီး မြန်မာငွေနဲ့ဆိုရင် သိန်း ၁၀၀၀ ကျော်ပတ်ဝန်းကျင်ရှိပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။