အသင်းက ကစားသမားတွေကို ဘာစီလိုနာ ခေါ်လို့မရအာင် လုပ်ထားတဲ့ လီဗာပူးရဲ့ဥာဏ်ကောင်းလွန်းတဲ့လုပ်ရပ်

Posted on - Feb 13 []

Gunner Ksr

စာရေးသူ

လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ကစားသမားတွေကို လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းက ခေါ်ယူလို့ မရအောင် လုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ လီဗာပူးရဲ့ ထိပ်တန်းအဆင့်ရှိ ကစားသမားတွေကို ဆက်တိုက်ခေါ်ယူနေခဲ့တာပါ။ ဘာစီလိုနာဟာ အရင်ကတည်းက လီဗာပူးရဲ့အဓိက ကစားသမားတွေကို အစဉ်အမပြတ် ခေါ်ယူခဲ့တာပါ။

မာရှေယာနိုအစ နောက်ဆုံးဆွာရက်ဇ်၊ ကော်တင်ညိုတို့အဆုံး ဘာစီလိုနာဟာ လီဗာပူးရဲ့ ထိပ်တန်းကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်နွေရာသီမှာ ဘာစီလိုနာဟာ လီဗာပူးရဲ့အဓိကတိုက်စစ်မှူးဆွာရက်ဇ်ကို ပေါင်သန်း (၇၀) ကျော်နဲ့ ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့မှာလည်း ဘာစီလိုနာဟာ လီဗာပူးရဲ့အဓိကကြယ်ပွင့်ကော်တင်ညိုကို ထပ်မံခေါ်ယူလိုက်ပါတယ်။ ကော်တင်ညိုကို လက်လွှတ်လိုက်ရတဲ့အချိန်မှာ လီဗာပူးဟာ နောင်ကျင်သွားပုံရပြီး ဘာစီလိုနာအသင်းရဲ့ရန်ကို ကာကွယ်ဖို့ စီစဉ်ခဲ့ပါတော့တယ်။

အဲဒါကတော့ လီဗာပူးအသင်းဟာ ကော်တင်ညိုကို ရောင်းချခဲ့စဉ်က ဘာစီလိုနာအနေနဲ့ သူတို့အသင်းက ကစားသမားတွေကို ၂၀၂၀ ခုနှစ်အထိနွေရာသီအထိ ခေါ်ယူခွင့်မရအောင် စာချုပ်တစ်ရပ်ထည့်သွင်းချုပ်ဆိုခဲ့တာပါ။ အဲဒါကတော့ ဘာစီလိုနာဟာ ၂၀၂၀ ခုနှစ်နွေရာသီအတွင်း လီဗာပူးအသင်းကစားသမားတွေကို ခေါ်ယူမယ်ဆိုရင် ပေါင်သန်း (၁၀၀) အသားတင်ပေးဆောင်ရမှာပါ။

ဒါကြောင့် လောလောဆယ်မှာတော့ ဘာစီလိုနာဟာ လီဗာပူးရဲ့ကစားသမားတွေကို ခေါ်ယူခွင့်ရဦးမှာ မဟုတ်ပါဘူး။ လီဗာပူးရဲ့လုပ်ရပ်က ဥာဏ်ကောင်းလွန်းတယ်လို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဖလာမင်ဂိုအသင်းကို အနိုင်ယူပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို အရယူနိုင်ခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။