ဘ၀မှာ မမေ့နိုင်ဆုံး အဆိုးရွားဆုံးနေ့တစ်နေ့ မကွယ်ဝှက်တမ်း ပြောပြခဲ့ပြီဖြစ်တဲ့ စီရော်နယ်ဒို

Posted on - Feb 13 []

Gunner Ksr

စာရေးသူ

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ၂၀၀၈ ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ကိုတော့ ယူနိုက်တက်နဲ့ ယူနိုက်တက်နဲ့ ပတ်သက်သူတိုင်း လုံးဝမေ့လို့ရမယ်မထင်ပါဘူး။ ၂၀၀၈ ခုနှစ်၊ မေလရဲ့ ရက်တစ်ရက်မှာ Ballon d'Or ၅ ဆုရှင်၊ ချန်ပီယံလိဂ်ဖလား ၅ လုံးရှင် စီရော်နယ်ဒိုဟာ သူ့ရဲ့ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ သူဟာ ဘောလုံးလောကမှာ အကောင်းဆုံးတွေထဲ က တစ်ယောက်ဆိုတာကို ပထမဆုံးသက်သေပြနိုင်ခဲ့တဲ့နေ့ဆိုရင်လည်း မမှားပါဘူး။

အဲဒီလိုမျိုးဖြစ်ခဲ့ပေမယ့် ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ စီရော်နယ်ဒိုအတွက် ဆိုးရွားတဲ့နေ့တစ်နေ့ ဘာလို့ဖြစ်ခဲ့တာပါသလဲ။ အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပေမယ့် စီရော်နယ်ဒိုဟာ ဗိုလ်လုပွဲမှာ အရေးပါတဲ့ပင်နယ်တီကို လွဲချော်ခဲ့တာကို သူ့ကိုယ်သူ ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ ပင်နယ်တီကန်သွင်းပြီးအပြီးမှာ အသင်းမှာ သူ့ကြောင့် ဆုံးရှုံးရတော့ မယ်ဆိုတဲ့အသိနဲ့ စီရော်နယ်ဒိုဟာ နောင်တတွေ တွင်တွင်ရပြီး အဲဒီအခိုက်တန့်မှာ စိတ်ဖိစီးမှုဒဏ်ကို အတော်ခံခဲ့ရတာပါ။

"အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့တယ်။ ကျွန်တော်ဘ၀ရဲ့ အဆိုးနေ့တစ်နေ့ ဖြစ်သလို အကောင်းဆုံးနေ့တစ်နေ့လည်း ဖြစ်တယ်။ တကယ့်ကိုထိတ်လန့်ဖွယ်စရာကောင်းတဲ့နေ့ပါ"လို့ စီရော်နယ်ဒိုက ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဖွင့်ဟသွားခဲ့ပါတယ်။

ဒါဟာ သာမန်ရှုံးနိမ့်မှုတစ်ခုကိုတောင် လုံးဝနှစ်မြို့ခြင်းမရှိတဲ့ စီရော်နယ်ဒိုအတွက်တော့ ငရဲခန်းတစ်ခုလိုပါပဲ။ အဲဒီဒဏ်ရာကို စီရော်နယ်ဒိုတစ်ယောက် အချိန်ကြာတဲ့အထိ မမေ့နိုင်ခဲ့ဘဲ အက်သလက်တီကိုနဲ့ တွေ့ဆုံခဲ့တဲ့ ၂၀၁၆ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ စီရော်နယ်ဒိုဟ သူ့ရင်ထဲမှာ အချိန်ကြာမြင့်စွာ စိုက်ဝင်နေတဲ့ဆူးတစ်ချောင်းကို နုတ်ပစ်နိုင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ရီးရဲနဲ့ အက်သလက်တို့ တွေ့ဆုံခဲ့ပြီး အချိန်ပိုအထိ အဖြေမပေါ်လို့ ပင်နယ်တီ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတယ်။ အဲဒီမှာ ရီးရဲအသင်း ချန်ပီယံလိဂ်ဆုဖလားကို ရရှိမယ့် ၅ လုံးမြောက် အဆုံးအဖြတ်ကို ကန်သွင်းရမယ့်သူက စီရော်နယ်ဒိုပါ။ စီရော်နယ်ဒိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ အဲဒီပင်နယ်တီကို ၀င်အောင်ကန်သွင်းနိုင်ခဲ့ပြီး ရီးရဲကို ဥရောပမှာ ဗိုလ်ဝင်ခံစေခဲ့ပါတယ်။ စီရော်နယ်ဒိုလို ကစာသမားတစ်ယောက်ဆီမှာ မေ့မရတဲ့နေ့များစွာ၊ တန်ဖိုးဖြတ်လို့မရတဲ့နေ့ပေါင်းများစွာ ရှိမှာဖြစ်ပေမယ့် အဲဒီအထဲကမှ နေ့တစ်နေ့ကို ရွေးချယ်ပါဆိုရင်တော့ စီရော်နယ်ဒိုရဲ့အဖြေက ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲပါပဲ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။