သင်က Single တစ်ယောက်ဆို Valentine’s Day ကို ဘယ်လိုဖြတ်သန်းမလဲ?

Posted on - Feb 14 []

Rowena

စာရေးသူ

သင်က Single တစ်ယောက်ဆိုရင် Valentine’s Day ဆိုတာ သင်နဲ့မဆိုင်ဘူးလို့ ခံစားမိပါလိမ့်မယ်။ Valentine’s Day ဆိုတာ ချစ်သူရည်းစားရှိတဲ့သူတွေအတွက် မဟုတ်ပါဘူး။ ထိုနေ့လေးမှာ ချစ်သူတွေက လျှောက်လည်ကြသလို Single တွေအနေနဲ့လည်း ကိုယ့်ကိုကိုယ် တန်ဖိုးထား ဂရုစိုက်ပြီး ပျော်ရွှင်အောင် နေလို့ရပါတယ်။ Valentine’s Day မှာ Single လေးတွေအတွက် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးကို အခုလိုပဲ ပြောပြလိုက်ပါတယ်။

ရှိသမျှ အလုပ်တွေကို ခဏမေ့ပြီး အနားယူပါ။

လူတိုင်းက မွန်းကြပ်ပြီး ရှုတ်ရှုပ်ခတ်နေတဲ့ နေ့စဉ်ဘဝကနေ ခဏလောက်ဖြစ်ဖြစ် ရုန်းထွက်သင့်ပါတယ်။ သင့်ပတ်ဝန်းကျင်အနီးအနားက ဆိတ်ငြိမ်ပြီး အေးအေးဆေးဆေးရှိတဲ့ ဟိုတယ်တစ်ခုမှာ သင့်ကိုသင် အနားပေးသင့်ပါတယ်။

Spa သွားပါ။

သင့်ကိုသင့် ဂရုစိုက်တဲ့အနေနဲ့ Spa မှာ ခြေသည်း၊ လက်သည်း အလှပြင်ခြင်း၊ အကြောအချင်တွေ နှိပ်နယ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သင်က Spa မသွားပဲ ပိုက်ဆံခြွေတာမယ်ဆိုရင်တော့ အိမ်မှာပဲ ခြေသည်း၊ လက်သည်းလေး သန့်စင်လိုက်၊ ချောကလက်လေးစားလိုက်၊ ဝိုင်လေးသောက်လိုက်နဲ့ သင်အကြိုက်ဆုံး တီဗီရှိုးတွေကြည့်ရင်း သာသာယာယာ အချိန်ကုန်ဆုံးနိုင်ပါတယ်။

မိန်းကလေးတွေစုပြီး Galentine’s day လေးကို ဖန်တီးပါ။

Galentine’s Day ဆိုတာက သူငယ်ချင်းတွေနဲ့ ဖန်တီးထားတဲ့ Valentine’s Day တစ်ခုလို့ ဆိုနိုင်ပါတယ်။ သင်က ထိုနေ့လေးကို သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေနဲ့ ဖြတ်သန်းနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင်တွေပေး၊ အိမ်မှာပဲ ညစာအတူတူစားရင်း အထီးကျန်မဆန်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်လို့ရပါတယ်။

သင့်ကိုသင် စိတ်ကျေနပ်စေမယ့် လက်ဆောင်မျိုးပေးပါ။

အမျိုးသမီးတိုင်းမှာ ကိုယ်လိုချင်တဲ့ လက်ဝတ်လက်စား၊ အဝတ်အထည်း၊ အသုံးအဆောင်ဆိုတာ ရှိကိုရှိပါလိမ့်မယ်။ Single လေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် အကောင်းဆုံးသော လက်ဆောင်တွေပေးဖို့ Valentine’s Day လောက် ကောင်းတဲ့နေ့ရှိဦးမလား? သင်အရမ်းလိုချင်တဲ့ ပစ္စည်းလေးကို ပထမဆုံးအသုံးပြုလိုက်ရတဲ့ ခံစားချက်လောက် ကောင်းတဲ့အရာမရှိပါဘူး။ ဒါ့အပြင် သင်က ဆွဲဆောင်မှုရှိတဲ့ အတွင်းခံလေးတွေကိုလည်း ဘယ်သူ့အတွက်လည်း ဖြေစရာမလိုပဲ ဝယ်နိုင်ပါသေးတယ်။ သင်က အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တယ်ဆိုတာ မမေ့ပါနဲ့ Single လေးရေ...

Kid
Ref: standard

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။