မိသားစုနဲ့ အလုပ်ကို ဘယ်လိုအချိန်ပေးဖြစ်တယ်ဆိုတဲ့အကြောင်း ပြောလာတဲ့ ဇဏ်ခီင်္

Posted on - Feb 14 []

Moe Kalay

စာရေးသူ

အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကား ၂ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား နဲ့ မုဒြာခေါ်သံ နဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့မိသားစု နဲ့ အလုပ်ကို ဘယ်လိုမျိုးအချိန်ပေးဖြစ်လဲဆိုတဲ့ အကြောင်းပြောထားတဲ့ ဇဏ်ခီ ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ က တစ်ယောက်ကို တစ်ယောက်လေးစား တန်ဖိုးထားကြတဲ့ ဇနီးမောင်နှံ ဆိုတာ ပရိသတ်တွေ သိလောက်မယ်ထင်ပါတယ်။ အနုပညာအလုပ်ကို အတူလုပ်ပြီး ဇာတ်ကားကောင်း တွေဖန်တီးနေကြတဲ့ သူတို့ ဇနီးမောင်နှံ နှစ်ဦးက သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Naw & Ever ရုပ်ရှင်ဇာတ်ကားကလည်း အောင်မြင်မှုများစွာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဇဏ်ခီ က သူ့ရဲ့မိသားစုနဲ့ အလုပ်ကို ဘယ်လိုမျိုးအချိန်ပေးဖြစ်လဲဆိုတော့ "အနုပညာအလုပ်ဆိုတော့လေ ဘယ်လောက်ပဲ Balance ညီအောင်လုပ်လုပ်အဆင်ပြေဖို့တော်တော်ခက်တယ်။ သာမာန်အလုပ်မျိုးဆိုရင် ရုံးတက်ပြီးပြန်လာရင် အချိန်ပေးလို့ရတယ်။တစ်ခါတလေ ကားရိုက်ပြီဆိုရင် တော်တော်ဆိုးတယ် တစ်အိမ်တည်းနေပေမယ့် ကိုယ့်မိသားစုနဲ့ မတွေ့ဖြစ်ဘူး။ ကားရိုက်မရှိတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲပင်ပန်း ပင်ပန်း သားကို အချိန်ပေးဖြစ်တယ်။ ကိုယ်ပစ်လဲချင်အောင်ပင်ပန်းနေပေမယ့်လည်းသူ့အတွက် လိုအပ်တယ် ဆိုတာတော့ ခေါင်းထဲမှာ အမြဲရှိတယ်။အိမ်မှာ မိဘက သားသမီးကိုချစ်တယ်ဆိုတာ သူသိစေချင်တယ်။ဒီလိုမျိုးမိဘက သူ့ကို ဂရုစိုက်ပေးမယ်ဆိုရင် သူ့အတွက်လည်း လုံခြုံမှုဖြစ်စေတယ်လေ။ဒီလုံခြုံမှုတစ်ခုကိုတော့ သူ့ကို ရစေချင်လို့ အားတဲ့အချိန်ပင်ပန်းပေမယ့်လည်း သူနဲ့ဆော့တယ်။နွေးနွေးထွေးထွေးနေပေးတယ်"လို့ပြောထားပါတယ်။

မိဘနဲ့ သားသမီးကြားထားရှိသင့်တဲ့ Relationship ကိုတော့ " ကျွန်တော်ကတော့ ကိုယ့်ဘ၀နဲ့ ကိုယ်ယှဉ်ပြီးသင်ခန်းစာယူတယ်။ကျွန်တော်ကြီးပြင်းလာရတဲ့ ပုံစံက မိဘတွေကနည်းနည်းကြပ်တယ်။ ကျွန်တော်ကအေးဆေးတဲ့အတွက် ဒုက္ခတော့သိပ်မရှိခဲ့ဘူး။သားလေးကို ကျွန်တော့်လိုတော့ အဖြစ်မခံဘူး။သူလည်း လူတစ်ယေက်ပဲ။ ကျွန်တော်တို့ သူ့ကို မပိုင်ဘူး၊ သူလည်း ကျွန်တော်ကို မပိုင်ဘူး။ဒီပိုင်ဆိုင်မှုကိစ္စတွေ လုံးဝမရှိစေရဘူး။အဲဒါကြောင့် သားလေးနဲ့ ပွင့်ပွင့်လင်းလင်းနေဖို့ ဆုံးဖြတ်ထားတယ်။ ဘယ်လောက်ပဲ သူအမှားတွေလုပ်လုပ် သူ့အတွက် ကျွန်တော်က ကြောက်စရာလူကြီးဖြစ်မနေစေရဘူး။ ကျွန်တော်ဆီ သူအမြဲပြန်လာလို့ရမယ်။ သူလုပ်သမျှအရာမှန်သမျှကို ဖြေရှင်းပေးမယ်။သားနဲ့ကျွန်တော် တို့ကြား ယုံကြည်မှုတစ်ခု ကိုတော့ ရအောင်ယူမယ်" လို့ ပြောထားပါတယ်။

သရုပ်ဆောင်ဇဏ်ခီ ပြောပြထားတဲ့ သူ့ရဲ့ အလုပ်နဲ့ မိသားစုကို အချိန်ပေးဖြစ်ပုံကို ပရိသတ်တွေ သိလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;မေ့ရင်သွေးမဂ္ဂဇင်း

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။