သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့ရတော့မယ့် ယွန်းဝတီလွင်မိုး

Posted on - Feb 14 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် လွင်မိုးဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ လွင်မိုးရဲ့ သမီးအကြီးဖြစ်သူ ယွန်းဝတီလွင်မိုးကလည်း လူငယ်ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ မိသားစုဘဝလေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက် သရုပ်ဆောင် မင်းသမီးလေးအဖြစ်မြင်တွေ့ရတော့မယ့် ယွန်းဝတီလွင်မိုးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းဝတီလွင်မိုးက နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာ ဖြစ်ပြီး သားလေး ကိုတွေ့ဖို့မြန်မာနိုင်ငံကို မကြာခဏပြန်လာလေ့ရှိပါတယ်။

ယွန်းဝတီလွင်မိုးက မြန်မာနိုင်ငံမှာ ရှိနေတဲ့ အချိန်အတောအတွင်းမှာ ကြော်ငြာများစွာကို လက်ခံရိုက်ကူးလျက်ရှိပါတယ်။

ဒီတစ်ခါမှာတော့ သူမက သရုပ်ဆောင်မင်းသမီးအဖြစ် ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားမှာ ပိုင်တံခွန် ၊ ဖွေးဖွေး၊ ကောင်းမြတ်စံ တို့နဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာ ဖြစ်ပြီး သူမရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုး က သူမရဲ့ သားလေးကိုအချိန်ပေးဖြစ်နေသလို အနုပညာအလုပ်တွေလည်း ဆက်တိုက်လိုက်ကိုင်နေတာပါ။

ယွန်းဝတီလွင်မိုး ရဲ့ရုပ်ရှင်ဇာတ်ကားရိုက်တော့မယ့် အကြောင်းသိလောက်ပြီ ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;yun waddy lwin moe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။