ချစ်သူများနေ့မှာ သူမရဲ့ ခင်ပွန်းလောင်းနဲ့အတူ ဘုရားကျောင်းတက်ဖြစ်တဲ့ အမွန်း

Posted on - Feb 14 []

Moe Kalay

စာရေးသူ

ထူးခြားတဲ့ ပင်ကိုယ်အသံနဲ့ သီချင်းကောင်းတွေကို ဖန်တီးတတ်တဲ့ အဆိုတော် အမွန်းကတော့ ရိုးရှင်းပွင့်လင်းတဲ့ စိတ်ထားကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အမွန်းက သူမနဲ့ ၄ နှစ်ကျော် တွဲလာတဲ့ နိုင်ငံခြားသား ချစ်သူနဲ့ လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးကြေငြာခဲ့သလို သူ့ရဲ့ချစ်သူကောင်လေးကတော့ ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လတုန်းက ရဲ့ချစ်သူသက်တမ်း (၄) နှစ်ပြည့်မှာ အမွန်းကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

သူမကိုအရမ်းချစ်တဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားတဲ့ အမွန်းကတော့ အချစ်ရေးမှာ ကံကောင်းသူတစ်ဦးဖြစ်ပြီး၊ သူမအပေါ် ဖောက်ပြန်မှာ မစိုးရိမ်ရတဲ့ ချစ်သူကြောင့် အမြဲပျော်နေရတဲ့အကြောင်း မကြာခဏဆိုသလို ထုတ်ပြောလေ့ရှိပါတယ်။

အမွန်းက ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ လက်ထပ်ဖို့အတွက် ချစ်သူကို လူကြီးစုံရာနဲ့ ကချင် နာမည်ပေး ကင်ပွန်းတပ်ပွဲလေး ကျင်းပခဲ့ပါသေးတယ်။

ဒီနေ့လေးကတော့ ချစ်သူများနေ့ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ ချစ်သူစုံတွဲလေးတွေရဲ့ အထိမ်းအမှတ်နေ့ထူးလေးပါ။ အမွန်း တို့ ချစ်သူ နှစ်ဦးကတော့ ဒီနေ့မှာ ဘုရားကျောင်း အတူတက်ဖြစ်တယ်လို့ ပြောထားပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း အဆိုတော်မလေး အမွန်း တို့ချစ်သူနှစ်ဦး ရဲ့ ပုံရိပ်လေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။


Moekalay
Source;ah moon

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။