အိမ်နေရင်းအဝတ်အစားနဲ့ အပြင်ထွက်တုန်း လက်ဆောင်တွေအများကြီးနဲ့ Surprises လုပ်ခံလိုက်ရတဲ့ ဖွေးဖွေး

Posted on - Feb 14 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၃) ရက်နေ့ညမှာတော့ ဖွေးဖွေးက အပြင်ထွက် ခေါင်းလျှော်တုန်း မမျှော်လင့်ပဲ ပန်းစည်း၊ မိုးပျံပူဖောင်း၊ ဝက်ဝံရုပ်ကြီး၊ ကိတ်မုန့်တွေနဲ့ Surprises လုပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကို ချစ်ကြတဲ့ အမာခံပရိသတ်တွေက ဖွေးဖွေး ပျော်ရွှင်ရအောင်စိုးပြီး ဗယ်လင်တိုင်းနေ့မတိုင်ခင် ဦးဦးဖျားဖျား Surprises လုပ်ခဲ့တာမို့ ဖွေးဖွေးက အံ့သြဝမ်းသာဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ အသက် (၃၁) နှစ်ကျော်သွားသည့်တိုင် အိမ်ထောင်မပြုသေးပဲ သူမကိုချစ်တဲ့ မိသားစုတွေ၊ ပရိသတ်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ဗယ်လင်တိုင်းဒေးလေးကတော့ အလုပ်တွေလုပ်ရင်းနဲ့သာ တစ်ယောက်တည်း ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Phway Phway's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။