မန်ယူအသင်းကို ကိုင်တွယ်မလားဆိုတဲ့မေးခွန်းကို ပြတ်ပြတ်သားသား ဒဲ့ပြောသွားခဲ့တဲ့ ဂွါဒီယိုလာ

Posted on - Feb 14 []

Gunner Ksr

စာရေးသူ

မန်စီးတီးနည်းပြဂွါဒီယိုလာက အဓိကမြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်မလားဆိုတဲ့ မေးခွန်းအပေါ် ပြတ်ပြတ်သားသား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်က မန်စီးတီးနဲ့အတူ အင်္ဂလန်မြေကို စတင်ခြေချခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ဖြတ်သန်းခဲ့တဲ့ (၄) နှစ်တာကာလမှာ ဂွါဒီယိုလာဟာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တာပါ။

ဂွါဒီယိုလာဟာ မန်စီးတီးကို ဘယ်သူမှ ရယူနိုင်ခြင်းမရှိတဲ့ စံချိန်တင်ရမှတ် (၁၀၀) နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း (၂) ရာသီဆက် ရယူပေးနိုင်ခဲ့တာပါ။ ဒါကြောင့် မန်စီးတီးနဲ့ ဂွါဒီယိုလာဟာ တစ်ထပ်တည်း ကျခဲ့ပြီလို့ ဆိုရမှာပါ။

ဒါကြောင့် ဂွါဒီယိုလာစိတ်ထဲမှာ အဓိကပြိုင်ဘက်မန်ယူကို မုန်းတီးစိတ်တွေ အနည်းနဲ့အများတော့ စိမ့်ဝင်နေမှာပါ။ မန်ယူအသင်းကို ကိုင်တွယ်သွားမလားလို့ မီဒီယတွေက မေးမြန်းခဲ့ရာမှာတော့ ဂွါဒီယိုလာက အခုလိုပြတ်ပြတ်သားသားပဲ တုံ့ပြန်သွားခဲ့တာပါ။

"မန်စီးတီးကို နည်းပြပြီးနောက်မှာ ကျွန်တော့်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို နည်းပြဖို့ မဖြစ်နိုင်တော့ပါဘူး။ ရီးရဲမက်ဒရစ်ကို မကိုင်တွယ်တော့တဲ့ သဘောပဲပေါ့။ ကျွန်တော့်အနေနဲ့ မန်ယူကို လုံးဝကိုင်တွယ်သွားမှာ မဟုတ်ပါဘူး။ မန်ယူကို ကိုင်တွယ်တာကို ဂေါ့ဖ်ရိုက်တာလောက် စိတ်မ၀င်စားပါဘူး"လို့ ဂွါဒီယိုလာက ပြတ်ပြတ်သားသားပဲ ပြောဆိုသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။