ဝိတ်တက်လာတာနဲ့ ပတ်သက်ပြီး မကွယ်မ၀ှက် အမှန်ကန်ဆုံး ပြောဆိုလိုက်ပြီဖြစ်တဲ့ ဟာဇက်

Posted on - Feb 14 []

Gunner Ksr

စာရေးသူ

ရီးရဲတိုက်စစ်ကစားသမားဟာဇက်ဟာ ၀ိတ်တက်လာတာနဲ့ ပတ်သက်ပြီး မကွယ်မ၀ှက်ဘဲ စကားတစ်ခွန်းကို မှန်မှန်ကန်ကန် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်ဂျီယံလက်ရွေးစင်တိုက်စစ်ကစားမားဟာဇက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချဲလ်ဆီးကနေ လာလီဂိါထိပ်သီးကလပ်ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တာပါ။ ရီးရဲဟာ ဟာဇက်ပြောင်းရွှေ့ချင်တဲ့ ငယ်ဘ၀အိပ်မက်အသင်းပဲ ဖြစ်ပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးအသင်းကို ချစ်ပေမယ့်၊ ချဲလ်ဆီးရဲ့ရင်ခွင်ဟာ သူ့အတွက် နွေးထွေးပေမယ့် ဘ၀တက်လမ်းအတွက်၊ အောင်မြင်မှုအတွက် ရီးရဲကို ပြောင်းရွှေ့သွားခဲ့တာပါပဲ။ ဟာဇက်နဲ့ ရီးရဲတို့ရဲ့ ပေါင်းစပ်မှုကို အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ ရီးရဲလျှောက်လှမ်းက ဟာဇက်တစ်ယောက် ထင်ထားတာထက်ပိုပြီး ခက်ခဲခဲ့ပါတယ်။ ဟာဇက်ဟာ ရီးရဲအသင်းနဲ့ အံဝင်ခြင်းမရှိဘဲ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။အဆိုးရွားဆုံးနဲ့ လူပြောစရာအဖြစ်ဆုံးကတော့ ၀ိတ်တက်လာခဲ့တာပါပဲ။

ခန္ဓာကိုယ်ပုံပျက်ပန်းပျက်ဖြစ်လာပြီး ၀ိတ်တက်လာခဲ့တဲ့ ဟာဇက်ဟာ ဝေဖန်မှုတံတွေးခွက်ထဲမှာ မျောခဲ့ရတယ်။ အခုအခါမှာတော့ ဟာဇက်ဟာ ၀ိတ်တက်လာတာနဲ့ ပတ်သက်ပြီး မကွယ်မ၀ှက် ၀န်ခံမှုပြုလုပ်သွားခဲ့ပါတယ်။ "ကျွန်တော် မလိမ်ပါဘူး။ ၀ိတ်တက်လာတယ်ဆိုတာ အမှန်ပါပဲ။

ဒါပေမဲ့ ဒါကကျွန်တော် အပန်းဖြေခရီးသွားနေတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်က ၀ိတ်တက်လာတာမြန်ပြီး ၀ိတ်ချတာလည်း မြန်ပါတယ်။ နွေရာသီမှာတုန်းက ကျွန်တော့်ကိုယ်အလေးချိန်က (၈၀) ကီလိုမီတာအထိ ရှိခဲ့တယ်။ ဒါပေမဲ့ (၁၀) ရက်အတွင်း ၀ိတ်ပြန်ချခဲ့တယ်"လို့ ဟာဇက်က ပြောဆိုသွားခဲ့တာပါ။ ဟာဇက်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရလျက် ရှိနေပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။