ချစ်သူများနေ့မှာ မိဘနှစ်ပါးပုံကို သေရာပါတက်တူးထိုးလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on - Feb 15 []

Rowena

စာရေးသူ

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က မနေ့က ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ချစ်သူများနေ့မှာတော့ သူမဘဝအတွက် သေရာပါမယ့် အမှတ်တရတစ်ခုကို ဖန်တီးခဲ့တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က သူမရဲ့ မိဘနှစ်ပါးပူံတူကို လက်မောင်းမှာ တက်တူးထိုးခဲ့တာဖြစ်ပြီး သူမရဲ့နောက်ကျောမှာတော့ အနီရောင်မြွေပုံကို တက်တူးထိုးခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က တက်တူးထိုးရတာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာလည်း တက်တူးတွေများစွာရှိပါတယ်။

သင်ဇာကတော့ ချစ်သူများနေ့မှာ သူမဘဝအတွက် သေရာပါမယ့် တက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thin Zar Wint Kyaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။