ဘောလုံးကွင်းကြီးတစ်ကွင်းလုံးငှါးပြီး နေကြာပန်းတွေနဲ့ Surprise လုပ်ခံလိုက်ရတဲ့ စမိုင်းလ်

Posted on - Feb 16 []

Rowena

စာရေးသူ

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် စမိုင်းလ်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်တို့ မိသားစုက အလှူအတန်းတွေကိုလည်း အမြဲမပြတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။ လှူနိုင်တန်းနိုင်လွန်းလို့ တစ်နေ့တစ်ခြား တိုးပွားလာတဲ့ စမိုင်းလ်တို့ မိသားစုကို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။

အိမ်ထောင်ရေးမှာလည်း ကံကောင်းလွန်းလှတဲ့ စမိုင်းလ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာတော့ သူမရဲ့ ခင်ပွန်း ကိုပြည့်မောင်ဆီကနေ မမျှော်လင့်ပဲ Surprise အကြီးကြီး လုပ်ခံခဲ့ရပါတယ်။

စမိုင်းလ်ရဲ့ ခင်ပွန်းက ဘောလုံးကွင်းကြီးတစ်ကွင်းလုံး အပြတ်ငှါးပြီး စမိုင်းလ်အကြိုက်ဆုံး Idiots Band အဖွဲ့၊ ဘင်ခရာအဖွဲ့တွေနဲ့ နေကြာပန်းတွေခင်းပြီး Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။

စမိုင်းလ်က သူမခင်ပွန်းကိုအရင် Surprise လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သူမခင်ပွန်းက သူမကိုပြန်ပြီး Surprise လုပ်သွားခဲ့တာ ဖြစ်တယ်လို့ စမိုင်းလ်က ပြောထားပါတယ်။

စမိုင်းလ်ကတော့ အရာရာပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကလေးတွေရပြီးတာတောင် မပြောင်းလဲတဲ့မေတ္တာတွေနဲ့ အချစ်ခံရဆဲ စမိုင်းလ်ကို အားကျနေလောက်ပြီ ထင်ပါတယ်။

Rowena
Source: Smile's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။