မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူ့ကိုအကြိုက်ဆုံးလဲဆိုတာ ပြတ်ပြတ်သားသား ဒဲ့ပြောသွားခဲ့တဲ့ ဗန်ပါစီ

Posted on - Feb 16 []

Gunner Ksr

စာရေးသူ

မက်ဆီနဲ့ စီရော်နယ်ဒိုအကြား ဗန်ပါစီရဲ့ရွေးချယ်မှုကလည်း တကယ့်ကို စိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူ တွေဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာ ဒီနေ့အချိန်အထိ ကွဲကွဲပြားပြားအဖြေထွက်ပေါ်သေးခြင်းမရှိသေးပါဘူး။ အားလုံးက သူ့အမြင်၊ ကိုယ့်အမြင်ကိုသာ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေသာမက ကမ္ဘာကျော်ဘောလုံးသမားတွေမှာကိုက မက်ဆီနဲ့ စီရော်နယ်ဒိုအကြား အမြင်ကွဲပြားနေခဲ့တာပါ။ စီရော်နယ်ဒိုကို ကြိုက်နှစ်သက်တဲ့ဘောလုံးသမားတွေရှိသလို မက်ဆီမှမက်ဆီဖြစ်နေတဲ့ ဘောလုံး သမားတွေလည်း ရှိပါတယ်။

အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်းဗန်ပါစီကတော့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့အကြား ဘယ်သူ့ကိုကြိုက်နှစ်သက်သလဲဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ကွဲကွဲပြားပြား ထုတ်ဖော်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်ပါစီရဲ့အဖြေကတော့ မက်ဆီပဲ ဖြစ်ခဲ့ပါတယ်

"နှစ်ယောက်စလုံးကို လုံးဝလေးစားတယ်။ သူတို့ကို ဆယ်စုနှစ်တစ်ခုကြာအထိ လုပ်ပြနိုင်ဖို့ဆိုတာ တကယ့်ကိုမယုံကြည်ဖွယ်ရာပါ။ သူတို့နှစ်ယောက်ကြား ရွေးချယ်ရတာ အစားအစာအတိုင်းပါပဲ။ တချို့လူတွေကတော့ ဆူရှိကိုကြိုက်မယ်။ တချို့လူတွေကတော့ Moroccan food ကိုကြိုက်မယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတော့ ဘယ်တူပါ့မလဲ။

ကျွန်တော်ကတော့ မက်ဆီကို ကြိုက်ပါတယ်။ မက်ဆီက အရမ်းကိုထူးခြားတဲ့ကစားသမား။ စီရော်နယ်ဒိုကလည်း သူ့ဟန်နဲ့သူ ထူးခြားပါတယ်။ နှစ်ယောက်စလုံးက အံ့အားသင့်ဖွယ်ရာတွေပဲ။ ဒါပေမဲ့ ကျွန်တော့်ကတော့ မက်ဆီကစားတာကို စောင့်ကြည့်ရတာ နှစ်သက်ပါတယ်။ မက်ဆီကစားတာကို ကြည့်ရတာ အနုပညာမြောက်လွန်းတယ်"လို့ ဗန်ပါစီက ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။