ထိုင်းနိုင်ငံက နာမည်ကြီး မော်ဒယ်မလေးနဲ့ စုံတွဲလိုက် အတူတူတွေ့ရတဲ့ ယုန်လေး

Posted on - Feb 17 []

Rowena

စာရေးသူ

ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ယုန်လေးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးနေလျက်ရှိပါတယ်။ ယုန်လေးက အက်ရှက်ဇာတ်ကားတွေကို ရိုက်ကူးပြီး သူရိုက်ကူးထားသမျှ ရုပ်ရှင်ဇာတ်ကားတိုင်းက အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယုန်လေးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။

ဒီနေ့မှာတော့ ယုန်လေးက ထိုင်းနိုင်ငံက နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Jessie Vard နဲ့ စုံတွဲလိုက်လေး အတူတူ တွေ့မြင်ရပါတယ်။ ယုန်လေးနဲ့ Jessie Vard အတူတူ ရှိနေတာကြောင့် ပရိသတ်တွေက အံ့သြနေကြတာ ဖြစ်ပါတယ်။

Jessie Vard က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်ပြီး အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းတာကြောင့် တော်တော်များများ သိကြပါတယ်။ ဒါ့အပြင် သူမရဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း မြန်မာပရိသတ်တွေကြား ရေပန်းစားကြပါတယ်။

Jessie Vard နဲ့ ယုန်လေးက အနုပညာလုပ်ငန်းတွေအတူတူ လုပ်ကိုင်ဖို့ရှိနေတာလားဆိုတာကိုတော့ ယုန်လေးက မပြောထားသေးပါဘူး။

ယုန်လေးကတော့ မင်းသမီးချောချောလေးနဲ့ ဆုံတွေ့ခဲ့ရတာ အရမ်းကံကောင်းတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Yone Lay's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။