အရောင်ပြောင်းတဲ့ စီးကွင့် ဖုန်းကာဗာလှလှလေးကို ကိုယ်တိုင်ဖန်တီးကြည့်ရအောင်

Posted on - Feb 21 []

Rowena

စာရေးသူ

အခုခေတ်မှာ ဖုန်းတွေကို ဆင်းရဲချမ်းသာ အလွှာမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီပဲ ဖြစ်ပါတယ်။ ဖုန်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေလုပ်ဖို့သာမက ကျွန်ုပ်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါအရာရောက်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်နေ့တိုင်း အသုံးပြုနေရတဲ့ ဖုန်းလေးကို လှလှလေးဖြစ်ဖို့ဆိုတာကလည်း အရေးမကြီးပေမယ့် အရေးတော့ပါပါတယ်။ ဒီနေ့မှာတော့ အရောင်ပြောင်းတဲ့ Bling Bling ဖုန်းကာဗာလေးကို အလွယ်တကူလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံး ဘာအရောင်မှမပါတဲ့ ဖုန်းကာဗာအကြည်လေးကို ယူပါ။

ပွတ်လိုက်ရင် အရောင်လေးတွေပြောင်းတဲ့ စီးကွင့်အဝတ်လေးကိုယူပြီး အနားလေးတွေ သေသေသပ်သပ်ဖြစ်အောင် ကပ်ကြေးလေးနဲ့ ညှပ်ပါ။

စီးကွင့်အဝတ်လေးရဲ့ ကျောဘက်မှာ ဖုန်းကာဗာအကြည်လေးကိုတိုင်းပြီး လိုသလောက်အနေအထားရအောင် ကပ်ကြေးနဲ့ညှပ်ပါ။

အဝတ်လေးကို ညှပ်တဲ့နေရာမှာ ဖုန်းရဲ့ကင်မရာအပေါက်၊ လက်ဗွေအပေါက်တွေကိုလည်း တစ်ခါတည်း ကပ်ကြေးနဲ့ အပေါက်ဖောက်ဖို့ သတိရပါနော်။

အဝတ်ထောင့်က မလိုအပ်တဲ့အပိုင်းတွေကိုလည်း ကပ်ကြေးနဲ့ညှပ်ပါ။

ပြီးရင်တော့ အဝတ်ကို ဖုန်းကာဗာအကြည်လေးရဲ့ ကင်မရာအပေါက်လေးကနေတဆင့် ကော်နဲ့စ, ကပ်လို့ရပြီဖြစ်ပြီး ဖုန်းကာဗာတစ်ခုလုံး ကော်တွေကပ်သွားတဲ့အထိ ညှင်ညှင်သာသာပဲ တဖြည်းဖြည်း လုပ်ဆောင်သွားပါ။

ဖုန်းကာဗာရဲ့ အပေါ်၊ အောက် ထောင့်တွေကိုလည်း ကော်နဲ့ဖိကပ်ဖို့ မမေ့ပါနဲ့ဦးနော်။

အားလုံးပြီးသွားပြီဆိုရင်တော့ ဖုန်းကာဗာနဲ့အဝတ်တို့ လွတ်နေတဲ့နေရာတွေကို ကော်နဲ့ သေချာအောင်လိုက်ဖြည့်ပြီး ကပ်ပါ။

နောက်ဆုံးအဆင့်မှာတော့ လှပပြီး ချစ်စရာကောင်းတဲ့ စီးကွင့်ဖုန်းကာဗာလှလှလေးကို ရရှိသွားပါပြီ။

ဒီဖုန်းကာဗာလေးက တန်ဖိုးနည်းနည်းပစ္စည်းတွေနဲ့ လုပ်ရလည်း လွယ်တာကြောင့် အိမ်မှာပဲ အလွယ်တကူလိုက်လို့ရတာမို့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

Kid
Ref: Cute Life Hacks

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။