နာမည်ကြီး ကိုရီးယားရေဘဝဲအစပ်ကို ဘယ်လိုချက်မလဲ?

Posted on - Feb 21 []

Rowena

စာရေးသူ

ကိုရီးယားဇာတ်ကားတွေ ပြသပြီးတဲ့နောက်ပိုင်းကစပြီး ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု၊ နေထိုင်မှုပုံစံ၊ ရိုးရာယဉ်ကျေးမှု၊ အစားအသောက်တွေကလည်း တဖြည်းဖြည်း ရေပန်းစားလာခဲ့ပါတယ်။ ကိုရီးယားအစားအသောက်ဆိုတာကလည်း အခုဆိုရင် မြန်မာနိုင်ငံမှာ တော်တော်များများ ရောင်းချနေပြီမို့လို့ စိမ်းတော့မယ် မထင်ပါဘူး။ ဒါပေမယ့် အမြဲတမ်းကြီး အပြင်ကဝယ်စားနေရရင်တော့ ကြာလာရင် ပိုက်ဆံအိတ်ပါးလာမှာ အသေအချာပါပဲ။ အဲ့ဒါကြောင့် ကိုရီးယားရဲ့ နာမည်ကြီး ရေဘဝဲအစပ်ချက်နည်းကို ဝေမျှပေးလိုက်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ သန့်စင်ပြီးသား ရေဘဝဲအသေး (၁၀) ကောင်၊ ကြက်သွန်နီ (၁) လုံး၊ မုန်လာဥနီ (၁) လုံး (အချောင်းလေးတွေလှီးရန်) ၊ သခွားသီး (၁)လုံး (အချောင်းလေးတွေလှီးရန်) ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် (၂) စည်း၊ ဟင်းချက်ဆီ (၂) ဇွန်း၊ ကိုရီးယားအစပ်အနှစ်၊ ပဲငံပြာရည် (၂) ဇွန်း၊ သကြား (၂) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ ဆားနဲ့ ငြုတ်ကောင်း အနည်းငယ်တို့ လိုအပ်ပါတယ်။

(၁) မိနစ်ခန့် အပူပေးထားတဲ့ အိုးထဲမှာ ဆီအနည်းငယ်၊ မုန်လာဥ၊ သခွားသီးနဲ့ ကြက်သွန်တွေကိုထည့်ပါ။

ပြီးရင်တော့ အိုးထဲကို ဆီ၊ ကိုရီးယားဆော့စ်၊ ကြက်သွန်ဖြူတို့ကိုထည့်ပါ။ (၁၅) စက္ကန့်လောက်ကြာရင်တော့ ငြုတ်သီးမှုန့်အနည်းငယ်ကို ထပ်ထည့်ပြီး အဖုံးအုပ်ထားပါ။

ထို့နောက် အိုးထဲကို ဆီ၊ ကိုရီးယားဆော့စ်၊ ကြက်သွန်ဖြူတို့ကိုထည့်ပါ။ (၁၅) စက္ကန့်လောက်ကြာရင်တော့ ငြုတ်သီးမှုန့်အနည်းငယ်ကို ထပ်ထည့်ပြီး အဖုံးအုပ်ထားပါ။

ပြီးရင်တော့ အိုးကို အပူပြင်းပြင်းပေးလိုက်ပြီး ရေဘဝဲလေးတွေကိုထည့်ပါ။ ရေဘဝဲလေးတွေ ကျက်သွားတဲ့အထိ (၃) မိနစ်လောက် မွှေပါ။ ပြီးရင် ပဲငံပြာရည်၊ နှမ်းဆီ၊ ဆားနဲ့ ငြုတ်ကောင်းတို့ကို ထည့်ပါ။

ရေဘဝဲနဲ့ ပါဝင်ပစ္စည်းတွေ နူးခါနီးအချိန်မှာ ဟင်းသီးဟင်းရွက်တွေ မွှေပါ။ နောက်ဆုံးမှာ ကြက်သွန်မြိတ် ဖြူးပြီး ရေဘဝဲအစပ်ချက်လေးကို သုံးဆောင်နိုင်ပါပြီ။

Kid

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။