ဓာတ်ပုံပြင်တဲ့ နည်းပညာတွေကို အသုံးမပြုပဲ မိမိပုံစံစစ်မှန်ကို ချပြဖို့ ဝန်မလေးတဲ့ ဒိတ်ဒိတ်ကြဲများ

Posted on - Feb 21 []

Rowena

စာရေးသူ

ယနေ့ခေတ်မှာ လူမှုကွန်ယက်စာမျက်နှာတွေကို လူတိုင်းနီးပါး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာနဲ့အမျှ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ တွစ်တာ အစရှိတာတွေမှာ မိမိတို့ရဲ့ အမှတ်တရလေးတွေကိုလည်း သိမ်းဆည်းထားတတ်ကြပါတယ်။ အမှတ်တရကောင်းတွေ ဝေမျှတဲ့အခါ ဓာတ်ပုံတွေကို လှလှလေးပြင်ကြလေ့ရှိသလို တချို့ကလည်း မိမိတို့ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို ချပြဖို့ ဝန်မလေးကြပါဘူး။ လူပေါင်းများစွာရဲ့ အာရုံစိုက်ခံရတဲ့ ဆယ်လီတွေအနေနဲ့ မိမိတို့ရဲ့ ဘဝအစစ်အမှန်ကို မကွယ်ဝှက်တာ အရမ်းကို ရှားပါတယ်။ ဒါပေမယ့် တချို့သော ဒိတ်ဒိတ်ကြဲတွေကတော့ ပရိသတ်တွေကို လိမ်ညာသလိုဖြစ်တဲ့ Photoshop နည်းပညာကို လုံးဝအသုံးမပြုပါဘူး။

နာမည်ကြီး ကိုယ်ကာယ Blogger တစ်ယောက်က ဘယ်လောက်ကျစ်လျစ်တဲ့ အမျိုးသမီးဖြစ်ဖြစ် ထိုင်လိုက်တဲ့အခါမှာ အဆီနဲ့ ဗိုက်ခေါက်ထွက်လာတတ်တယ်ဆိုတာကို သူမကိုယ်သူမပြပြီး ဥပမာပေးခဲ့ပါတယ်။

ဒီ beauty blogger ဆိုရင်လည်း သူမရဲ့ ပြုပြင်ထားတဲ့ပုံနဲ့ မပြုပြင်ထားတဲ့ ဓာတ်ပုံကို ယှဉ်တွဲပြသခဲ့ပါတယ်။

နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Chrissy Teigen ကလည်း သူမလို လူတကာက လှပါတယ်လို့ချီးကျူးခံရသူတောင် ပေါင်မှာ အနာတွေ၊ အမာရွတ်တွေရှိကြောင်း ပြသနေပါတယ်။

Mango brand ကလည်း အသက် (၄၀) အထက် အမျိုးသမီးမော်ဒယ်တွေကို အသုံးပြုပြီး မော်ဒယ်တွေရဲ့ အသက်အရွယ်မှာဖြစ်တဲ့ အရေးအကြောင်းတွေကို မဖုံးကွယ်စေခဲ့ပါဘူး။

ဒီအမျိုးသမီး ဘလော်ဂါကလည်း ကလေးသုံးယောက်မွေးပြီး သူမရဲ့ ပုံစံကို ရဲရဲဝံ့ဝံ့ချပြနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

အဆိုတော် Lady Gaga ကလည်း ဘယ်လိုဓာတ်ပုံပြင်တဲ့ နည်းပညာမျိုးကိုမှ အသုံးမပြုတဲ့ ဆယ်လီတစ်ယောက် ဖြစ်ပါတယ်။

အရမ်းနာမည်ကြီးတဲ့ မိတ်ကပ်ဘလော်ဂာတစ်ဦးကလည်း သူမရဲ့ မိတ်ကပ်မပါတဲ့ပုံနဲ့ မိတ်ကပ်နဲ့ပုံကို ပူးတွဲပြရဲသူတစ်ယောက် ဖြစ်ပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။