မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ကွာခြားချက်တွေကို ထင်ထင်ရှားရှား မြင်တွေ့စေနိုင်တဲ့ ဓာတ်ပုံများ

Posted on - Feb 22 []

Rowena

စာရေးသူ

ကိုရီးယားနိုင်ငံကြီးဟာ (၁၉၄၅) ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံဆိုပြီး နှစ်ပိုင်း ကွဲခြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ကျော်ကြာသည့်တိုင် နှစ်နိုင်ငံ ဆက်ဆံရေးကတော့ တင်းမာနေဆဲ ဖြစ်ပါတယ်။ မကြာသေးမီ (စက်တင်ဘာ ၁၈-၁၉၊ ၂၀၁၈)ကမှ ကိုရီးယားခေါင်းဆောင်များသည် အောင်မြင်သော ထိပ်သီးအစည်းအဝေး ကိုကျင်းပနိုင်ခဲ့ပြီး နိုင်ငံများအနေဖြင့် ၎င်းတို့ရဲ့ ဆက်ဆံရေးနှောင်ကြိုးပြန်လည်ခိုင်မာလာစေရန်အတွက် ပေါင်းစည်းလှုပ်ရှားမှုများပြုလုပ်ရန် သဘောတူညီခဲ့ကြပါတယ်။

ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ မြောက်ကိုရီးယားနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တောင်ကိုရီးယားနိုင်ငံက အိမ်နီးချင်းများဖြစ်ပေမယ့် ဤနိုင်ငံ ၂ ခုရဲ့ ဘဝကတော့ လုံးဝကို ကွဲပြားပါတယ်။ ဓာတ်ပုံဆရာ Ed Jones က မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံရဲ့ ကွဲပြားမှုတွေကို ကမ္ဘာကိုချပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေမှာ တောင်ကိုရီးယားနိုင်ငံက အဝတ်အစားများ၊ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်အနေအထားက ပိုပြီး ခေတ်မီတာကို တွေ့နိုင်ပါတယ်။ ပရိသတ်တွေအတွက် မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ကွဲပြားနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က သေနတ်ပစ်နည်းပြရဲ့ အလုပ်ခွင်နေရာနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က သေနတ်ပစ်နည်းပြရဲ့ အလုပ်ခွင်နေရာ

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က ရေကစားကွင်းနဲ့ တောင်ကိုရီးယားနိုင်ငံ ရေကစားကွင်း

မြောက်ကိုရီးယားနိုင်ငံက ဂက်စ်ဆိုင်ဝန်ထမ်းနဲ့ တောင်ကိုရီးယားနိုင်ငံက ဂက်စ်ဆိုင်ဝန်ထမ်း

ဖြုံယမ်းမြို့ Juche Tower ထိပ်က မြောက်ကိုရီးယား tour guide နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မိုးမျှော်တိုက် ၆၃ လွှာအမြင့်မှာ တွေ့ရတဲ့ ဝန်ထမ်းတစ်ယောက်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က (၂၃)နှစ်အရွယ် ကျောင်းသားနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က (၂၄)နှစ်အရွယ် ကျောင်းသား

ကိုရီးယားစစ်မဲ့ဇုန်အတွင်းမှာ တွေ့ရတဲ့ မြောက်ကိုရီးယား စစ်အရာရှိနဲ့ တောင်ကိုရီးယား အစောင့်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က Supermarket မှာဈေးဝယ်နေသူနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Supermarket မှာဈေးဝယ်နေသူ

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ရှိ တယ်ဒုံမြစ်က သေဘာင်္မောင်းသူနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဟန်မြစ်က သေဘာင်္မောင်းသူ

မြောက်ကိုရီးယားက လယ်သမားနဲ့ တောင်ကိုရီးယားက လယ်သမား

စစ်ရေးပြချီတက်ပွဲမှာ တွေ့ရတဲ့ မြောက်ကိုရီးယားအမျိုးသမီးနဲ့ နျူကလီးယားလက်နက်များဆန့်ကျင်ဆန္ဒပြပွဲမှာ တွေ့ရတဲ့ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး

မြောက်ကိုရီးယားနိုင်ငံက စက်ရုံအလုပ်သမားနဲ့ တောင်ကိုရီးယားနိုင်ငံက စက်ရုံအလုပ်သမား

မြောက်ကိုရီးယားနိုင်ငံ Sci-tech Center ကွန်ပျူတာခန်းက ကျောင်းသူနဲ့ တောင်ကိုရီးယားနိုင်ငံ Yonsei University ကွန်ပျူတာခန်းက ကျောင်းသူ

မြောက်ကိုရီးယားနိုင်ငံ Munsu ရေပေါ်အပန်းဖြေကစားကွင်း ဝန်ထမ်းနဲ့ တောင်ကိုရီးယား One Mount ရေပေါ်အပန်းဖြေကစားကွင်း အသက်ကယ်သမား

ကလေးများနေ့ကို ဆင်နွှဲနေတဲ့ (၉) နှစ်အရွယ် မြောက်ကိုရီးယားကလေးငယ်နဲ့ Seoul Fashion Week ပွဲကို တက်ရောက်ခဲ့တဲ့ (၁၀)နှစ်အရွယ် တောင်ကိုရီးယားကလေးငယ်

သင်ရော တောင်ကိုရီးယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို သွားရောက်လည်ပတ်ဖူးပါသလား? လည်ပတ်ဖူးတယ်ဆိုရင်တော့ သင်တွေ့မြင်ခဲ့ရတဲ့ နှစ်နိုင်ငံ ကွာခြားမှုတွေကို ပြောပြခဲ့ပါဦးနော်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။