Crush Landing On You ဇာတ်သိမ်းပိုင်းကို Sad Ending ဖြစ်စေချင်တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်

Posted on - Feb 22 []

Rowena

စာရေးသူ

ပြီးခဲ့တဲ့ လပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Crush Landing On You ကိုရီးယားဇာတ်လမ်းတွဲက မြန်မာနိုင်ငံအတွင်းက ကိုရီးယားဒရမ်မာကြိုက် ပရိသတ်တွေအကြားမျာ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ မင်းသား Hyun Bin နဲ့ မင်းသမီး Son Yi Jin တို့က အဓိကဇာတ်ဆောင်တွေအဖြစ် အတူတွဲဖက် ပါဝင်သရုပ်ဆောင်ထားကြတာကြောင့် ဇာတ်လမ်းဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရိုက်ကူးစဉ်အချိန်အတွင်းတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံးရရှိခဲ့တာကြောင့် ဇာတ်လမ်းတွဲနဲ့ ပက်သတ်ပြီး ထင်မြင်ယူဆချက်တွေ၊ ဝေဖန်ချက်တွေကလည်း အတော်များများကို ထွက်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုမျိုး သုံးသပ်ဝေဖန်ကြသူတွေထဲမှာ မြန်မာနိုင်ငံက မင်းသမီး ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ ထင်မြင်ချက်ကို အခုလိုပဲ ပြောပြလာပါတယ်။

"အော်.. ငါ့နှယ် weekend ရောက်တိုင်း လွမ်းနေတော့မှာပဲ မင်းသား မင်းသမီး supporting တွေ ဘေးက ဗိုလ်ကြီးတွေရော ဗိုလ်ကြီးကတော်တွေကိုရော သံယောဇဉ်တွေ လည်းဖြစ်နေပြီ။ ခုတော့ အားလုံးက ရုတ်တရက်ကြီး ထားသွားကြပြီ။ အခန်းတိုင်း ချိတ်ထားတဲ့ plot တွေဟာ ပျင်းဖို့ အချိန်မရှိ။ အပိုင်းတိုင်း ပါးစပ် အဟောင်းသား မျက်ရည်လည်ရွှဲခဲ့ရတာတွေ ဇာတ်သိမ်းခန်းနီး ဆက်မကြည့်ရဲလောက်အောင် မခံစားရက်လို့"

"ကောင်းလိုက်တဲ့ ဇာတ်ညွှန်းဆိုတာ မရေတွက်နိုင်အောင်ပြောမိတယ်။ တော်လိုက်တဲ့ ဒါရိုက်တာ ရဲ့ တင်ပြမှု ဇာတ်ကောင်တစ်ယောက်စီရဲ့ အပို အလိုမရှိထိမိမှူ။ အကြိုက်ဆုံးကတော့ အသံခိုးနားထားထောင် tap လုပ်ရတဲ့ မင်းသား ရဲ့ တစ်သက်လုံး မျိုသိပ် ဖုံးကွယ်ထားရတဲ့ guilt တွေနဲ့ နေနေရတဲ့ သူ့ရဲ့ acting တွေအရမ်းကြွေပါတယ်။ ပြီးတော့ လူဆိုးရဲ့ ရွံစရာကောင်းအောင်ပံပိုးပေးမှူတွေထိလိုက်တာ မင်းသား မင်းသမီးတွေကတော့ သူတို့ကြောင့်အကြိမ်ကြမ်ငိုလိုက်ရတယ်။ Character တိုင်းကို ပေးထားတဲ့ လုပ်ကွက်တွေ လည်း တကယ်အကွက်စေ့ ထောင့်စေ့ ဒီလိုကားကောင်းတွေကြည့်ရတာ အားရလိုက်တာ"

"အဘက်ဘက်က ပြင်ဆင်မှုတွေ အကုန်ကျခံမှူတွေ team work တွေမြင်တာ အားကျလိုက်တာ။ ဒီလိုကားမျိုးမှာ ကိုယ်တိုင်ပါဝင်ခံစားသရုပ်ဆောင်နိုင်ဖို့ ဆုတွေ လည်းတောင်းလိုက်ပါအုံးမယ် 😛😂 ကိုယ်ရဲ့ Crush landing on you review လေး ပါ။ ⚡️တစ်ခုပဲ sad ending လေးဖြစ်ခဲ့ရင်ပိုပီး လွမ်းကျန်ခဲ့မလားလို့လေ" ဆိုပြီး သူမရဲ့ အမြင်ကို ပြောပြာလာပါတယ်။

Crush Landing On You ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်ရစ်စေတဲ့ ဇာတ်လမ်းတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော Crush Landing On You ဇာတ်သိမ်းပိုင်းကို ကျေနပ်အားရမှုရှိရဲ့လား ပြောခဲ့ကြဦးနော်။

Rowena
Source: Wutt Hmone Shwe Yi's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။