ငေးကြည့်ရအောင် လှပလွန်းတဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီး (၁၀) ယောက်

Posted on - Feb 22 []

Rowena

စာရေးသူ

ဆန်းသစ်တဲ့ဖက်ရှင်အရွှေ့မှာ ကမ္ဘာကြီးက အချိန်တိုင်း ပြောင်းလဲနေပါတယ်”ဆိုတဲ့ စကားက အမှန်တကယ် ဖြစ်တည်လာပါပြီ။မိန်းကလေး တော်တော်များများက ကူးပြောင်းနေတဲ့ ဖက်ရှင်လှိုင်းမှာ စီးမျောရင်း စူပါမော်ဒယ်ဖြစ်လာဖို့ အိမ်မက်ဆန်ဆန် လက်ခံထားကြပါတယ်။ လက်ရှိ ထင်ရှားကျော်ကြားနေတဲ့ အထင်ကရမင်းသမီး၊ ရုပ်သံအစီအစဉ် တင်ဆက်သူ အပါအ၀င် မော်ဒယ်တွေအ များစုမှာ လှပမှု၊စွဲဆောင်မှု၊ အရည်အချင်းပြည့်ဝမှု ကိုယ်စီ ရှိတက်ကြပါတယ်။မတူညီတာကတော့ ကိုယ်ပိုင်ဖြစ်တည်မှု အလှအပတရားပါ။ဒီတစ်ခေါက်မှာတော့ ကိုယ်ပိုင်ဖြစ်တည်မှု အလှအပတရားနဲ့ ပတ်သက်ပြီး အလှပဆုံး နှုတ်ခမ်းပိုင်ရှင် မချောဒေ၀ီ(၁၀)ယောက်ကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

10. Amanda Seyfried

အမေရိကန်မော်ဒယ်၊မင်းသမီး၊သီချင်းရေးဆရာ၊တီဗီရုပ်သံအစီအစဉ်မှူး တစ်ယောက်ပါ။သူမအတွက် ထင်ရှားမှုကတော့ မျက်ဝန်းနဲ့အတူ နှုတ်ခမ်းအလှကြောင့်ပါ။

9. Jennifer Garner

သူမကလည်း အမေရိကန်မော်ဒယ်၊မင်းသမီး၊သီချင်းရေးဆရာ၊တီဗီရုပ်သံအစီအစဉ်မှူး တစ်ယောက်ပါ။မျက်နှာအနေအထားနဲ့ နှုတ်ခမ်းအလှကြောင့်ထင်ရှားလှပါတယ်။

8. Megan Fox

အောင်မြင်ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သူ့ကိုတွေ့နိုင်ပါတယ်။နှုတ်ခမ်းအလှနဲ့စွဲဆောင်မှုရှိတဲ့ ကိုယ်အလှကြောင့် ထင်ရှားလှပါတယ်။အမေရိကန်နိုင်ငံသူ တစ်ယောက်ပါ။

7. Sophia Loren

အီတလီလူမျိုး မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးကြီး Sophia Loren က အခုဆိုရင် အသက်(၈၅)နှစ်ရှိနေပြီ ဆိုပေမယ့် သူမရဲ့ နှစ်ခုမရှိတဲ့ နှုတ်ခမ်းအလှကတော့အတော်လေးထင်ရှားလွန်းလှပါတယ်။

6. Rihanna

အမေရိကန် အဆိုတော်၊ သရုပ်ဆောင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Rihanna ကို လူတိုင်း သိပြီးသားဖြစ်မှာပါ။ Rihanna ရဲ့ နှုတ်ခမ်းလေးကလည်း ဆွဲဆောင်မှုရှိပြီး ပရိသတ်တွေကို ဖမ်းစားနိုင်ပါတယ်။

5. Marilyn Monroe

ကြွေလွှင့်သွားပေမယ့် ပရိသတ်တွေ ယနေ့ထိတိုင် အမှတ်ရနေဆဲ မင်းသမီးတစ်ယောက်ပါ။ Marilyn Monroe ဟာ အမျိုးသား (၃) ယောက်နဲ့ လက်တွဲခဲ့ပြီး ၁၉၆၂ မှာကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

4. Scarlett Johansson

Marvel ရုပ်ရှင်ကားတွေထဲက Black Widow အဖြစ် သရုပ်ဆောင်ပြီး ယောကျာ်းလေး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချော Scarlett Johansson ကလည်း ဒီစာရင်းထဲမှာ မပါမဖြစ် တစ်ယောက်ပါ။

3. Jessica Alba

စီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အမေရိကန်တေးရေးဆရာ၊ရုပ်သံအစီအစဉ်တင်ဆက်သူ၊မော်ဒယ်နဲ့ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သူမကလည်း လှပတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။

2. Christina Hendricks

အသက် (၄၂)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရုပ်သံတင်ဆက်သူ သူမကလည်း နှုတ်ခမ်းအလှနဲ့ ရင်သားအလှကြောင့်ထင်ရှားလွန်းလှပါတယ်။

1. Angelina Jolie

ဒီစာရင်းထဲက နံပါတ် (၁) စာရင်းနဲ့ အထိုက်တန်ဆုံးကတော့ အားလုံးကြိုက်ကြတဲ့ မင်းသမီးကြီး Angelina Jolie ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှုတ်ခမ်းလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေကိုသိရင် ပြောခဲ့ကြပါဦးနော်။

Kid

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။