Expiration Date ကျော်လွန်သွားသည့်တိုင် စိတ်ချလက်ချစားလို့ရတဲ့ အစားအစာများ

Posted on - Feb 23 []

Rowena

စာရေးသူ

သင်က အစားအသောက်ချစ်သူတစ်ယောက်ဆိုရင်တော့ သက်တမ်းကျော်လွန်သွားတဲ့ အစားအသောက်တွေလောက် မုန်းစရာကောင်းတာမရှိပါဘူး။ ဒါပေမယ့် တချို့သော အစားအစာတွေကတော့ Expiration Date ကျော်လွန်သွားသည့်တိုင် သင့်ရဲ့ မျက်လုံးတွေ၊ နှာခေါင်းတွေနဲ့ ဆုံးဖြတ်ပြီး စားလို့ရပါသေးတယ်။

Cereal

Cereal မုန့်ကြွတ်တွေကတော့ ဗူးအဖုံးမဖွင့်အမချင်း သက်မှတ်ရက်ထက် (၆) လလောက်ကျော်လွန်သွားသည့်တိုင် စိတ်ချလက်ချစားနိုင်ပါသေးတယ်။

ပေါင်မုန့်များ

ပေါင်မုန့်တွေ စားရင်တော့ မျက်လုံးနဲ့ နှာခေါင်းတွေကို လျှင်လျှင်ထားဖို့ပဲ လိုပါတယ်။ သက်မှတ်ရင်ကျော်လွန်သွားသည့်တိုင် ပေါင်မုန့်မှာ အစိမ်းရောင်မှိုပွင့်လေးတွေမတွေ့ရင် စားလို့ရပါသေးတယ်။

Chocolate

ချောကလက်ပေါ်မှာ မြင်တွေ့ရတတ်တဲ့ အဖြူရောင်အမှုန်လေးတွေက မှိုမဟုတ်ပါဘူး။ ချောကလတ်ကို အေးတဲ့နေရာမှာထားတဲ့ ကာလတစ်လျှောက်လုံး သက်တမ်းကျော်လွန်သွားသည့်တိုင် နှစ်ပေါင်းအတော်ကြာ အထားခံပါတယ်။

Cheese

သင်ကတကယ်လို့ Cheese တွေပေါ်မှာ မှိုတွေတွေ့တယ်ဆိုရင်တောင် ထိုမှိုကို ဓားနဲ့လှီးပြီး စားနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက အရမ်းစိတ်ချရတယ်တော့ မဟုတ်ပါဘူး။

ပာစတာများ

ပါစတာခေါက်ဆွဲခြောက်တွေက ပုံနှိပ်ထားတဲ့ သက်မှတ်ရက်ကနေ နောက်ထက် (၂)နှစ်လောက်ထိ အထားခံပါတယ်။

အာလူးကြော်များ

အရည်အသွေးကောင်းတဲ့ အာလူးကြော်တွေကလည်း အိတ်မဖွင့်ပဲထားမယ်ဆိုရင် လအနည်းငယ်ထိ ကြာရှည်ခံပါတယ်။ ဒါပေမယ့် ဘယ်သူကတော့ အာလူးကြော်တစ်ထုတ်ကို မစားပဲ လအတော်ကြာ သိမ်းထားမှာလဲနော်။

Kid
Ref: brainberries.

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။