မေမေ အလှပြင်ပစ္စည်းတွေ ယူသုံးပြီး ကိုယ်တိုင်အလှပြင်နေတဲ့ ခိုင်နှင်းဝေ ရဲ့သမီးလေး ရွန်းရတီခိုင်

Posted on - Feb 22 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် သူမ အလှပြင်ပစ္စည်းတွေယူသုံးပြီး အလှပြင်နေတဲ့ သမီးလေး အကြောင်းကို ပြောလာတဲ့ ခိုင်နှင်းဝေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ သွေးသားအရင်မဟုတ်ပေမယ့် သူမရဲ့ ဂေဟာ ရောက်လာတဲ့ သားသမီးတွေကို မိခင်အရင်းလို ပြုစုနေတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။

ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေ သမီးလေး ရွန်းရတီခိုင်ရဲ့ ပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ဖော်ပြထားပါတယ်။

ခိုင်နှင်းဝေ က " အေးအေး... မပြောသေးဘူး ကြည့်နေတယ် သိလားမိရွှန်း... ငါနော်... ကုန်ပါပြီ 🥴ကျိုးမီးငှါး " ဆိုပြီး နှုတ်ခမ်းနီတွေ ယူဆိုးပြီး သူမ ဖိနပ်တွေ ယူစီးနေတဲ့ သမီးလေးအကြောင်းကို ပြောထားပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး ရွန်းရတီခိုင်

ပရိသတ်ကြီးလည်း ခိုင်နှင်းဝေ ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး ရဲ့ ပုံရိပ်ကလေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;khin hnin wai

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။