လိင်ဆက်ဆံရင် အားမထုတ်ဖို့ပြောတဲ့ ကွန်တီရဲ့မှတ်ချက်ကို အထာကျကျ ပြန်ဆော်ခဲ့တဲ့ နာရာ

Posted on - Feb 22 []

Gunner Ksr

စာရေးသူ

အိုက်ကာဒီရဲ့ဇနီးဝန်ဒါနာရာကတော့ ကစားသမားတွေအနေနဲ့ လိင်ဆက်ဆံတဲ့အခါ သိပ်အားမထုတ်ဖို့ဆိုတဲ့ အင်တာမီလန်နည်းပြကွန်တီရဲ့ပြောစကားကို အထာကျကျ ပြန်လည်တုံ့ပြန်ခဲ့ပြီပဲဖြစ်ပါတယ်။ ကွန်တီဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်ကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့အနာဂတ်အစီအစဉ်ထဲမှာ အိုက်ကာဒီမပါဝင်တော့ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီမှာပဲ ကွန်တီနဲ့ အိုက်ကာဒီတို့အကြား အဖုအထစ်ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးမှာတော့ အိုက်ကာဒီဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အိုက်ကာဒီဟာ အင်တာမီလန်အသင်းမှာ သူရဲကောင်းတစ်ဦးလို ထင်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းရဲ့ပြဿနာတွေဖြစ်ပေါ်ကာ မီလန်မြို့ကနေ လွင့်စင်သွားခဲ့ရတာပါ။ ဒါပေမဲ့ လက်ရှိပီအက်စ်ဂျီမှာ အိုက်ကာဒီဟာ သူ့ရဲ့တစ်ကိုယ်ရည်စာအလင်းကို ထွန်းလင်းပြနေခဲ့ပါတယ်။

တလောက အီတတီမဂ္ဂဇင်းတစ်စောင်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အိုက်ကာဒီရဲ့ဇနီးနာရာကို သတင်းထောက်က ကွန်တီရဲ့အဲဒီမှတ်ချက်စကားနဲ့ ပတ်သက်ပြီး မေးမြန်ခဲ့ပါတယ်။ အဲဒီမှာ နာရာက သူ့မရဲ့ခင်ပွန်း အိုက်ကာဒီနဲ့ နှိုင်းယှဉ်ကာ အထာကျကျ ပြောဆိုသွားခဲ့တာပါ။

"သူဘာကို ဆိုလိုချင်မှန်း ကျွန်မ မသိပါဘူး။ သူ့(ကွန်တီ)အနေနဲ့ ပွဲမတိုင်ခင်မှာ အဲဒီလိုမျိုး ကြိုးပမ်းသင့်ပါတယ်။ အိုက်ကာဒီကတော့ အရမ်းကို ပရော်ဖက်ရှင်နယ်ပီသတဲ့သူပါ။ ပွဲမတိုင်ခင်ဆိုရင် ဘာမှမလုပ်ပါဘူး။ ပွဲပြီးသွားမှာ လိင်ဆက်ဆံတာပါ။ ဒါတောင် အသင်းရလဒ်ကောင်းဦးမှ။

တကယ်လို့ အသင်းရလဒ်ဆိုးသွားရင် လိင်ဆက်ဆံဖို့ နေနေသာသာ ကျွန်မကို ကြည့်တောင်မကြည့်ပါဘူး"လို့ နာရာက ခပ်ပြတ်ပြတ်ပြောဆိုသွားခဲ့တာပါ။ နာရာရဲ့ ပြောစကားတွေက ပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်ခဲ့ပြီး သူမကို အရွှန်းဖောက်ခဲ့ကြပါတယ်။

Ref: The Sun

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။