မက်ဆီကို Ballon d'Or ပေးခဲ့တဲ့အပေါ် ကြမ်းတမ်းစွာထိုးနှက်မှုပြုလုပ်သွားခဲ့တဲ့ ဂျော့မန်ဒက်ရဲ့လုပ်ရပ်

Posted on - Feb 22 []

Gunner Ksr

စာရေးသူ

မက်ဆီတစ်ယောက် Ballon d'Or ဆုကို (၆) ကြိမ်မြောက် ရရှိသွားတာနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်ကတော့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် Ballon d'Or ဆုပေးပွဲမှာတော့ ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူးလီယွန်နယ်မက်ဆီက ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒို၊ လီဗာပူးနောက်ခံလူဗန်ဒိုက်ခ်ျတို့ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာပါ။ ဒါကြောင့် မက်ဆီဟာ Ballon d'Or ဆုကို (၆) ကြိမ်အထိ ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မက်ဆီအနေနဲ့ အခုလိုမျိုး Ballon d'Or ဆုကို (၆) ကြိမ်မြောက် ရရှိသွားတာဟာ စီရော်နယ်ဒိုအတွက်တော့ နာကျင်စရာပါပဲ။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ (၂၁) ရာစုရဲ့ အကောင်းဆုံးဘောလုံးသမားတွေအဖြစ် သတ်မှတ်ခံထားရပြီး ဘယ်သူပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်နေတာပါ။

(၆) ကြိမ်မြောက် Ballon d'Or ဆုဟာ သူတို့နှစ်ယောက် ဘယ်သူပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့အဖြေတစ်ခုမဟုတ်ရင်တောင် မက်ဆီဘက်ကရပ်တည်သူတွေ ပြောကွက်ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ကတော့ ဒီနှစ် Ballon d'Or ဆုကို မက်ဆီရသွားတာ တရားမျှတမှုမရှိဘဲ စီရော်နယ်ဒိုသာလျှင် အကောင်းဆုံးလို့ ဆိုသွားခဲ့ပါတယ်။

"Ballon d'Or ဆုကို မက်ဆီရသွားတာ ကျွန်တော်ကတော့ မတရားဘူးလို့ ထင်ပါတယ်။ စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားပါ။ သူမရှိခင်တုန်းက ပေါ်တူဂီဟာ ဘာအောင်မြင်မှုမှ မရခဲ့ဘဲ သူနဲ့ကျမှ ယူရိုဖလားနဲ့ နေရှင်းလိဂ်တို့ကို ရယူနိုင်ခဲ့တာပါ။

တကယ်တော့ စီရော်နယ်ဒိုသာ ရီးရဲမှာ ဆက်ကစားနေခဲ့မယ်ဆိုရင် Ballon d'Or ဆုဟာ သူ့အတွက်ပဲ ဖြစ်မှာပါ။ သူဟာ ဘောလုံးလောကကို ပြောင်းလဲပေးခဲ့ပါတယ်။ ပေါ်တူဂီကို ပြောင်းလဲပေးခဲ့တယ်။ ရီးရဲကို ပြောင်းလဲပေးခဲ့တယ်။ သူလုပ်ပြခဲ့တဲ့အရာတွေကို နောက်တစ်ယောက်လိုက်လုပ်ဖို့ မဖြစ်နိုင်ပါဘူး"လို့ ဂျော့မန်ဒက်စ်က ဆိုသွားခဲ့တာပါ။ စီရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်နည်းပြဆာရီရဲ့ နည်းစနစ်နဲ့ အံ့မ၀င်ဘဲ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။