တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိတဲ့အခါ သင်ကိုယ်တိုင်တောင်သတိမထားမိတဲ့ သေးသေးမွှားမွှားလုပ်ဆောင်ချက်တွေက

Posted on - Feb 24 []

Rowena

စာရေးသူ

Los Angeles မှ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Amanda Oleander ရဲ့ ပြောစကားအရ အချစ်ဆိုတာ အသေးအဖွဲအရာလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်တဲ့။ အချစ်ဆိုတာက ခမ်းနားမှုတွေမလိုဘူးဆိုရင်တောင် သေးသေးမွှားမွှားအရာလေးတွေကလည်း ခမ်းနားသွားစေနိုင်တာပဲ ဖြစ်ပါတယ်။ သင်ဟာ လူတစ်ယောက်ကို အောင်ဖော်ပြပါ အချက်လေးတွေအတိုင်း ဂရုစိုက်မိနေပြီဆိုရင်တော့ သူ့ကို တကယ်ချစ်မှန်းသေချာသွားပါပြီ။

သင်က တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့ရဲ့ အစိတ်အပိုင်းအားလုံးကိုပါ ချစ်မိသွားမှာ ဖြစ်ပါတယ်။ အမွှေးအမျှင်တွေ ရှိနေတာကအစပေါ့

ချစ်သူဆီက ဘယ်လိုအနံ့အသက်မျိုးမဆို မွှေးနေမှာပဲ

ချစ်သူပြုံးပျော်ဖို့အတွက်ဆို သင်ကဘာမဆိုလုပ်ပြီးသား ဖြစ်နေလိမ့်မယ်။

သင်အယုံကြည်ရဆုံး ချစ်သူအနားမှာဆို သင့်ရဲ့ စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။

နေမကောင်းဖြစ်နေရင်တောင် ချစ်သူနားမှာကပ်ပြီး ချွဲနေချင်တယ်။

အချစ်က သင့်ကို လုံခြုံပြီး သက်တောင့်သက်သာဖြစ်စေနိုင်တယ်။

သင်မကြိုက်တဲ့အရာတွေလုပ်နေရင်တောင် အလိုလို ခွင့်လွှတ်မိနေတတ်တယ်။



Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။