နှာခေါင်းပိတ်ခြင်းကို (၁၅)မိနစ်အတွင်း သက်သာအောင် ဘယ်လိုလုပ်မလဲ?

Posted on - Feb 24 []

Rowena

စာရေးသူ

နှာခေါင်းပိတ်နေတဲ့အချိန်မှာဆို နေရထိုင်ရ ကသိကအောက်ဖြစ်တာကို အားလုံးလည်း သိကြမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နှာခေါင်းထဲမှာရှိတဲ့ အညစ်အကြေးတွေကို ထုတ်ပြီး အသက်ကို ဝဝလင်လင် ရှုလိုက်ချင်တာပဲနော်။ ဒါပေမယ့် နှာခေါင်းထဲက မာခဲနေတဲ့ အညစ်အကြေးတွေကို အတင်းကော်ထုတ်တာလုပ်ရင် ခဏပဲ သက်သာတာဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နှာခေါင်းပိတ်ခြင်းကို (၁၅)မိနစ်အတွင်း သက်သာအောင် ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းတွေကို ပြောပြလိုက်ပါတယ်နော်။

၁. မျက်ခုံးနှစ်ဖက်ကြား အလည်တည့်တည့်နေရာကို တစ်မိနစ်ခန့် ညင်သာစွာ နှိပ်နယ်ပါ။

၂. နှာခေါင်းအသက်ရှုရာ လမ်းကြောင်းကို ညှင်သာစွာ နှိပ်နယ်ပါ။

သင့်ရဲ့ နှာခေါင်းအသက်ရှုရာ လမ်းကြောင်းကို လက်ချောင်းလေးတွေနဲ့ အသာအယာ ၁ မိနစ် ၂ မိနစ်ခန့် နှိပ်နယ်ပေးသင့်ပါတယ်။

၃. နှုတ်ခမ်းနဲ့ နှာခေါင်းကြားထဲက နေရာကို နှိပ်နယ်ပါ။

သင်၏နှုတ်ခမ်းနှင့် နှာခေါင်းကြားရှိနေရာကို ၂-၃ မိနစ်ခန့်နှိပ်နယ်ပေးပါ။ ဤနည်းလမ်းက သင့်ရဲ့နှာခေါင်းအတွင်း ရောင်ရမ်းခြင်းကို သက်သာစေပါလိမ့်မယ်။

၎. လေသန့်စက် အသုံးပြုပါ။

လေထုစိုထိုင်းမှုသည် ၄၀% အောက်ရောက်သောအခါ သင့်နှာခေါင်းအတွင်းရှိ ချွဲများကို ခန်းခြောက်သွားပြီး အသက်ရှူကျပ်မှုလျော့နည်းသွားစေနိုင်ပါတယ်။ ချွဲအလွန်များနေပြီး စိုထိုင်းဆနိမ့်ပါက ပြင်းထန်သော ဘက်တီးရီးယားရောဂါများ ဖြစ်ပွားစေပါတယ်။

၅. သင့်ရဲ့ နှာခေါင်းကို အပူငွေ့နွေးနွေးလေးပေးပါ။

မိုက်ကရိုဝေ့ (ဖ်) ထဲကို ထည့်ထားတဲ့ အဝတ် ဒါမှမဟုတ် ရေနွေးထဲ စိမ်ထားတဲ့ အဝတ်နွေးနွေးလေးတစ်ထည်ကို အသုံးပြုပါ။ ဒီနေရာမှာ သတိထားရမှာက အဝတ်ကို အရမ်းပူစေတာမျိုးမဟုတ်ပဲ သင့်တင့်တဲ့ အပူချိန်သာရှိပါစေ။ အပူသည် မည်သည့်ချွဲကိုမဆို အရည်ပျော်စေနိုင်ပါတယ်။ နှာခေါင်းကို အဝတ်ကပ်ပြီးရင်တော့ ခြောက်သွေ့အောင်ပြန်လုပ်ဖို့လည်း မမေ့ပါနဲ့နော်။

၆. လေ့ကျင့်ခန်းလုပ်ပါ။

သင်၏နှလုံးခုန်နှုန်းသည် လုံလောက်စွာတိုးလာပြီး သင့်ခန္ဓာကိုယ် ပူလာသောအခါ သင်၏နှာခေါင်းအတွင်းရှိ ချွဲရည်တွေကို ပျော်စေနိုင်ပါတယ်။ (၁၅) မိနစ်ခန့် ကိုယ်လက်လှုပ်ရှားခြင်းကလည်း သင့်ခန္ဒာကိုယ်ကို ပူနွေးလာစေပြီး နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။ ပရိသတ်ကြီးရော နှာခေါင်းပိတ်တာမျိုးဖြစ်လာတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလဲ?

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။