ခင်ပွန်း က အရမ်းချစ်ပြီး တန်ဖိုးထားရတဲ့ မိန်းမပဲ ဖြစ်ချင်တယ် ဆိုတဲ့ သင်ဇာနွယ်ဝင်း

Posted on - Feb 24 []

Moe Kalay

စာရေးသူ

မင်းသမီးချောလေး သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံကလည်း ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံထဲမှာပါဝင်ပါတယ်။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွားရှိတာကြောင့် ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံက ခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခင်ပွန်း က အရမ်းချစ်ပြီး တန်ဖိုးထားရတဲ့ မိန်းမပဲ ဖြစ်ချင်တယ် ဆိုတဲ့ သင်ဇာနွယ်ဝင်း အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

သင်ဇာနွယ်ဝင်း က သူမရဲ့ မိသားစုကို အချိန်ပေးထြစ်နေပြီး ခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုမရှိတော့ပါဘူး ။ သူမ ရဲ့ မိသားစု ပုံရိပ်လေးတွေကိုသာ သူမပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ သူမက " ပါပါးရေ......မိန်းမသာပါပါးနဲ့မတွေ့ခဲ့ရင်အခုထက်ပိုအလှပြင်ပြီးပိုလှချင်လှလိမ့်မယ် ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးပြီး ပိုထက်ချင်ထက်လိမ့်မယ် ဒါပေမဲ့အခုလက်ရှိပါပါးပေးထားတဲ့ လုံခြုံနွေးထွေးတဲ့ခံစားချက်ကို ကိုယ့်အဖေမဟုတ်တဲ့ တစ်ခြားယောကျာ်းတစ်ယောက်စီကရမှာမဟုတ်ဘူး ပါပါးအနားမှာရှိနေရတဲ့ အချိန်တိုင်းကို အရမ်းတန်ဖိုးထားတယ် အရမ်းလည်းကျေးဇူးတင်တယ် အရမ်းတော် အရမ်းထက် အရမ်းချောတဲ့ မိန်းမလည်းမဖြစ်ချင်ပါဘူး ပါပါးအရမ်းချစ်ပြီးတန်ဖိုးထားရတဲ့မိန်းမပဲဖြစ်ချင်ပါတယ်😘😘😘😘😘" ဆိုပြီး ပြောထားပါတယ်။

သင်ဇာနွယ်ဝင်း ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;thinzar nwe win

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။