ခြေဖနောင့်ကွဲခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများနဲ့ သက်သာအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများ

Posted on - Feb 24 []

Rowena

စာရေးသူ

သင့်ရဲ့ခြေဖနောင့်မှာ အက်ကြောင်းများကို တွေ့ရင် အရေပြားတွင် ရေဓာတ်ခန်းခြောက်ခြင်း (သို့မဟုတ်) အစိုဓာတ်မရှိခြင်းတို့ကြောင့် ဖြစ်မယ်လို့ သင်ထင်ကောင်းထင်လိမ့်မည်။ သို့သော် သင့်ရဲ့ ခြေဖနောင့်တွေ ကွဲအက်ရတာ အခြားအကြောင်းများကြောင့် ဖြစ်နိုင်ပါသေးတယ်။ ဒီနေ့မှာတော့ မိုမိုလေးပရိသတ်တွေအတွက် ခြေဖနောင့်ကွဲခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများနဲ့ ၄င်းတို့ကိုသက်သာအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများကို မျှဝေပေးလိုက်ပါတယ်။

၁. အလေးချိန်တိုးလာသောကြောင့်

သင့်ရဲ့ ခြေထောက်က ခန္ဓာကိုယ်တစ်ခုလုံးက အလေးချိန်ကို ထမ်းထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာတာနဲ့အမျှ သင့်ရဲ့ ခြေထောက်က ထမ်းထားရတဲ့ ဝန်က ပိုလေးလာပါတယ်။ သင့်ရဲ့ ခြေထောက်က သင့်ရဲ့ ဝန်ကိုထမ်းလာတာနဲ့အမျှ အရေပြားက ဆန့်ကားလာပါတယ်။ ပြီးတော့ သင့်အရေပြားက အစိုဓာတ်မလုံလောက်ပါကလည်း အက်ကြောင်းများထွက်လာနိုင်ပါတယ်။ ဒီနေရာမှာ သင့်ရဲ့ အရပ်အမောင်း၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားသင့်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကလည်း ဖနောင့်အက်ကွဲလေ့ရှိတာကြောင့် သင့်ရဲ့သကြားဓာတ်ပမာဏကို ပုံမှန်စစ်ဆေးပါ။

၂. လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ လျော့နည်းသောကြောင့်

အချို့ အရေးကြီးသော ဗီတာမင်များ၊ ဓာတ်သတ္တုများနှင့် အခြားအာဟာရများမရှိရင်တော့ သင့်ရဲ့အသားအရည်က စနစ်တကျလည်ပတ်တော့မှာ မဟုတ်ပဲ ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ သင့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုမှာ ဗီတာမင် A, B3, C, E, zinc နှင့် omega-3 fatty acids များများပါဝင်သော အစားအစာများကို စားသုံးပါ။

၃. ဆိုဒ်မတော်တဲ့ဖိနပ်တွေကို စီးမိတဲ့အခါ

ခြေညှပ်ဖိနပ်များ (သို့မဟုတ်) ခြေနင်းဖိနပ်များကဲ့သို့ အပွင့်ပါသော ဖိနပ်များက များသောအားဖြင့် သင်၏ခြေထောက်အောက်ရှိအဆီကို အက်ကြောင်းဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ ကိုယ့်ခြေထောက်ဆိုဒ်နဲ့ မတော်တဲ့ ဖိနပ်နဲ့ ပါးလွှာလွန်းတဲ့ဖိနပ်တွေက ခြေဖနောင့်နာခြင်းကို ပိုများစေပါတယ်။ သင့်ကို သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်တွေကို စီးနင်းခြင်းက ခြေဖနောင့်ကွဲအက်ခြင်းကို သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

၎. သွေးဆုံးကိုင်ခြင်း

သွေးဆုံးပြီးနောက် အမျိုးသမီးအချို့သည် ဖနောင့်နှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် အက်ကြောင်းများဖြစ်ပေါ်စေနိုင်သည်။ သင့်ရဲ့ ခြေဖနောင့်ရှိ အက်ကြောင်းများကိုဖယ်ရှားရန် အီစထရိုဂျင် အဆီကိုလိမ်းလို့ရပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသတာကတော့ အကောင်းဆုံးပါပဲ။

၅. အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း

အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း ၊ အထူးသဖြင့် သစ်သားကြမ်းခင်းများတွင်ကြာရှည်စွာရပ်နေခြင်းသည် သင့်ရဲ့ခြေထောက်က ပိုမိုအားပြုရပြီး နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒီတော့ အချိန်အတော်ကြာ မတ်တပ်ရပ်ခြင်းကို ရှောင်ကျဉ်ပါ။ တကယ်လို့ မတ်တပ်မရပ်မဖြစ် ရပ်ရရင်တော့ သင့်ရဲ့ဖိနပ်ကိုချွတ်ပြီး လေ့ကျင့်ခန်း နည်းနည်းပါးပါး လုပ်ဆောင်ပါ။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။