ပိုက်ဆံရှိတဲ့သူကိုချစ်ခွင့်ရတာ ကံကောင်းတာမဟုတ်ဘူး ဆိုတဲ့ သားဂန်း

Posted on - Feb 24 []

Moe Kalay

စာရေးသူ

အိမ်မက်ဆုံရာ မှာ ပြိုင်ပွဲဝင်ရာမှ သူ့ရဲ့ သာယာချိုမြိန်တဲ့ အသံလေးတွေကြောင့် လူကြိုက်များလာတဲ့ အဆိုတော် သားဂန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ အချစ်အယူခံ သီချင်း လေးဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေတဲ့ သားဂန်းက သရုပ်ဆောင် မင်းသမီးလေး ဘေဘီမောင် နဲ့ ချစ်သူတွေဖြစ်နေကြပြီး သူတို့ချစ်သူနှစ်ဦး ကို ပရိသတ်တွေကလည်း အရမ်းကို ချစ်နေကြတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သားဂန်း က ပိုက်ဆံရှိတဲ့သူကိုချစ်ခွင့်ရတာ ကံကောင်းတာမဟုတ်ဘူးလို့ပြောထားတဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။

သားဂန်းနဲ့ ဘေဘီမောင် တို့ချစ်သူနှစ်ဦး က မနဲ့မောင် စုံတွဲလေးဖြစ်ပြီး သားဂန်းက ချစ်သူမမ ကို အရမ်းချစ်တတ် တာကြောင့် ပရိသတ်တွေက အရမ်းကို သဘောကျနေကြတာပါ။

သားဂန်းက အနုပညာအလုပ်တွေနဲ့ ပတ်သက်တာတွေ ခုမှ သင်ယူဆဲ ဖြစ်ပြီး ချစ်သူဘေဘီမောင် ဆီက အကြံဥာဏ် တွေယူရင်း အနုပညာအလုပ်တွေ လုပ်ကိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီတစ်ခါမှာတော့ သားဂန်းက " ပိုက်ဆံရှိတဲ့သူကိုချစ်ခွင့်ရတာ ကံကောင်းတာမဟုတ်ဘူးသစ္စာရှိသူကို ချစ်သူဖြစ်ခွင့်ရမှကံကောင်းတာပါဗျ " ဆိုပြီး ပြောထားတာပါ။

သားဂန်း ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သားဂန်းတို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူ့ပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source; thar gan

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။