ဇနီး နဲ့ သမီးလေးကိုပါ လက်ဝှေ့ထိုး လေ့ကျင့်ပေးနေတဲ့ မင်းရာဇာ

Posted on - Feb 24 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်သရုပ်ဆောင် အက်ရှင်မင်းသား မင်းရာဇာ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကားများစွာကို ရိုက်ကူးထားတာကြောင့် ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေရှေ့ချပြလေ့ရှိတဲ့ မင်းရာဇာ မှာဆိုရင် အရမ်းချစ်စရာကောင်းတဲ့ သမီးလေး နဲ့ နောက်ထပ် သားလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် မင်းရာဇာ တို့ မိသားစု ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မင်းရာဇာက သူ့ရဲ့ ချစ်စရာကောင်းပြီး အရမ်းလိမ္မာတဲ့ သမီးလေးရဲ့ ပုံရိပ်ကလေးတွေ နဲ့ ချစ်စရာကောင်းတဲ့ သားလေးရဲ့ ပုံရိပ်လေးတွေကို သူတို့မိသားစုကို ချစ်တဲ့ ပရိသတ်တွေအတွက်ဖော်ပြပေးလေ့ရှိသလို ဒီတစ်ခါမှာတော့ ဇနီး နဲ့ သမီးလေးကိုပါ လက်ဝှေ့ထိုး လေ့ကျင့်ပေးနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြရင်း ခုလိုပြောထားပါတယ်။

မင်းရာဇာ က " သင်တန်းသားနှစ်ဦးလက်ခံမိပါတယ် တစ်ယောက်ကဆရာ တစ်ယောက် master တဲ့" လို့ ပြောထားပါတယ်။

မင်းရာဇာ တို့ မိသားစု ပုံရိပ်ကလေးတွေက ကြည်နူးစရာပါ။

ချစ်စရာကောင်းတဲ့ မင်းရာဇာ ရဲ့ သမီးလေး

မင်းရာဇာ တို့ မိသားစု လေးရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

နိုင်ငံကျော် အက်ရှင် သရုပ်ဆောင် မင်းရာဇာ တို့မိသားစု ရဲ့ကြည်နူးစရာ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;min yar zar

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။