ရုပ်ရည်ချောမောလွန်းလို့ ဒီဘက်ခေတ်မှာသာနေရင် ဆယ်လီဖြစ်မယ့် ဘိုးဘေးကြီးများ

Posted on - Feb 25 []

Rowena

စာရေးသူ

သုတေသီများက သင့်ရဲ့အလှအပစံနှုန်းများက နှစ်သက်ဖွယ်ကောင်းသောလူတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကိုကြည့်ရုံဖြင့် ပြောင်းလဲနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့သိတဲ့အတိုင်းပဲ လှပခြင်းဆိုတာ ကြာရှည်မခံပါဘူး။ လွန်ခဲ့သော နှစ်ပေါင်းရာချီကလည်း အင်မတန် ရုပ်ရည်ချောမောပါတယ်ဆိုတဲ့လူတွေအများကြီးရှိခဲ့ပါတယ်။ အောက်ပါလူတွေသာ ဒီဘက်ခေတ်မှာ မွေးဖွားခဲ့ရင် အနည်းဆုံး ဖေ့စ်ဘုတ်တို့၊ အင်စတာဂရမ်တို့မှာ ဆယ်လီဖြစ်လာနိုင်ပါတယ်။

ကမ္ဘာကျော်မင်းသားကြီး Brad Pitt နဲ့တူလွန်းတဲ့ Hermann Rorschach လို့ အမည်ရတဲ့ ပုဂ္ဂိုလ်

Sigma Chi fraternity ရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Benjamin Piatt Runkle ကလည်း လူချောပဲနော်။

ကမ္ဘာကျော်ဟာသမင်းသားကြီး Charlie Chaplin ကလည်း သူ့ရဲ့ဟာသတွေ ပိုမိုပီပြင်စေဖို့အတွက် ချောမောတဲ့ရုပ်ရည်ကို ရယ်စရာနှုတ်ခမ်းမွှေးနဲ့ ဖုံးအုပ်ထားပါတယ်။

Cleo de Merode ကတော့ ၂၀ ရာစုအစောပိုင်းက ဓာတ်ပုံအစားဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမသာ ဒီဘက်ခေတ်မှာ မွေးဖွားခဲ့ရင်တော့ သေချာပေါက် follower တွေအများကြီးရှိမှာပဲနော်။

Harry Houdini ဆိုတဲ့ စတန့်သမား၊ မျက်လှည့်ဆရာကလည်း အချောသားနော်။

ကမ္ဘာပေါ်က မိန်းကလေးတိုင်း အရူးအမူးဖြစ်ကြတဲ့ Chanel Brand ရဲ့ ပဲ့ကိုင်ရှင်ကြီး Coco Chanel ကလည်း တကယ့်ကို ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးပဲနော်။

ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား စာရေးဆရာကြီးဖြစ်တဲ့ Ernest Hemingway ရဲ့ ငယ်ဘဝပုံရိပ်ကလည်း ချောတယ်နော်

အမေရိကန်ရဲ့ ပထမဆုံး စူပါမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Evelyn Nesbit ကလည်း တကယ့်ကို စင်းလုံးချောလှသူလေးပါ

Marie Doro က ဒီခေတ်မင်းသမီးကြီး Helena Bonham Carter နဲ့ စတိုင်လ်ချင်းတူနေတာလေး ဖြစ်ပါတယ်။

၁၉ ရာစုက နာမည်ကြီးတေးရေးဆရာကြီး Johannes Brahms ရဲ့ နက်ရှိုင်းတဲ့အကြည့်တွေကလည်း မိန်းကလေးတိုင်းကို ရင်ခုန်စေနိုင်တယ်နော်။

ဖိလစ်ပိုင်နိုင်ငံက လူဇွန်လူမျိုး အမျိုးသမီးကလည်း ဘာမှပြင်ဆင်မှုမရှိတာတောင် အလှဆုံးဖြစ်ခဲ့ပါတယ်။

Lewis Payne ဆိုသူကလည်း မိန်းကလေးတွေစိတ်ကူးထဲက ခပ်ဆိုးဆိုးကောင်လေးစတိုင်လ်နဲ့ အရမ်းမိုက်တယ်နော်။

အခုဖော်ပြခဲ့တဲ့ ခေတ်အဆက်ဆက်က လူတွေထဲမှာ ဘယ်သူကများ အချောဆုံး၊ အလှဆုံးဖြစ်မလဲနော်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။