သမီးလေးကြောင့် ယုံကြည်မှုအပြည့်နဲ့ ရောက်လာသမျှအခက်အခဲတွေကို အနိုင်ယူနိုင်ကြောင်း ပြောလာတဲ့ အေသင်ချိုဆွေ

Posted on - Feb 25 []

Moe Kalay

စာရေးသူ

နိုင်ငံကျော်အဆိုတော်မလေး အေသင်ချိုဆွေ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ Ivy လေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေပါလုပ်တတ်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နရတာပါ။ မိုမိုလေးပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ သမီးလေးကြောင့် သူမခွန်အားတွေရလာတယ်လို့ ပြောလာတဲ့ အေသင်ချိုဆွေ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

အေသင်ချိုဆွေက " အခုအချိန်မှာ ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အမြဲလိုအပ်နေတာဆိုလို့ကျွန်မ သမီးတယောက်ပဲရှိတယ်။ "မေမေ" လို့ အားကိုတကြီး ခေါ်လိုက်တိုင်းမှာကျွန်မ သဘောကျမိတယ်။ စိတ်ခွန်အားတွေ လည်းအများကြီးရတယ်။ ယုံကြည်မှုလည်းပိုပြင်းထန်လာတယ်။တခါတလေ ဝင်ဝင်လာတဲ့သိမ်ငယ်စိတ်တွေ ကို လည်း အနိုင်ယူနိုင်လာပြီ။ ဘယ်တုန်းကမှ အင်တာဗျူးဖြေရင် မျက်ရည်မကျခဲ့ဘူး ။ မေးခွန်းတွေ ဘယ်လောက်ပတ်ပတ်မေးမေး တင်းခံနိုင်ခဲ့တာ။ မျက်ရည်ကျရမှာကိုရှက်တာ။မနေ့ကတော့ ဘာဖြစ်နေမှန်းမသိဘူး သူ့ဟာသူကို အလိုလို ငိုချင်နေတာ။ လူအများ‌ကြီးရှေ့မှာ မျက်ရည်ကျမိတာ ဒါပထမဆုံး နဲ့ နောက်ဆုံးအကြိမ်ပဲ။
နောက်ဘယ်တော့မှ အဲ့လိုထပ်မဖြစ်စေရဘူး။ " လို့ပြောထားပါတယ်။

အေသင်က ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေပိုပြီး ကြိုးစားလုပ်နေသလို ချစ်ရတဲ့ သမီးလေး Ivy ကို လည်း အားတဲ့ အချိန်လေးတွေမှာ အချိန်ပေးဖြစ်တာတွေ့ရပါတယ်။သူမက Single Mother တစ်ယောက်အနေနဲ့ သမီးလေးအတွက် ကြိုးစားနေရသူဖြစ်သလို သမီးလေးကြောင့် သူမခွန်အားတွေအများကြီးရလာကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။

အေသင်ချိုဆွေ ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source; athen cho swe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။