ဇနီး ၊ သားလေးနဲ့ သမီးလေး ရှိနေတာကြောင့် သူ့ရဲ့ဘဝက ပြီးပြည့်စုံနေပါပြီ ဆိုတဲ့ အောင်လအန်ဆန်း

Posted on - Feb 25 []

Moe Kalay

စာရေးသူ

မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ သူချစ်မြတ်နိုး တန်ဖိုးထားရတဲ့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်နေသူပါ။ အောင်လအန်ဆန် က သူအရမ်းလိုချင်နေတဲ့ သမီးလေး လူ့လောကထဲ ရောက်လာလို့ အရမ်းကို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်ကြီးအတွက် အောင်လအန်ဆန်း က သူ့ရဲ့ ချစ်ရတဲ့ မိသားစု နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်လအန်ဆန် မြန်မာပြည်ကို ပြန်လာစဉ်က သူ့ဇနီးမှာ ကိုယ်ဝန်လွယ်ထားရကြောင်းနဲ့ ရင်သွေးလေးက သမီးမိန်းကလေး ဖြစ်ကြောင်း၊ သမီးလေးကို သူအရမ်းတွေ့ချင်နေပြီဖြစ်ကြောင်း ဖြေထားပါတယ်။ ခုဆိုရင် သူအရမ်းတွေ့ချင်နေတဲ့ သမီးလေးကို တွေ့ခွင့်ရပြီ ဖြစ်တာကြောင့် အရမ်းကိုပျော်ရွှင်နေတာပါ။

သူ့ကို ခုလိုချစ်စရာကောင်းတဲ့ သမီးလေးကို ဝမ်းနဲ့လွယ်ပြီး မွေးပေးတဲ့ ချစ်ဇနီးကိုလည်း အရမ်းကျေးဇူးတင်နေတာ။ခုဆိုရင် အောင်လအန်ဆန်က သူ့ရဲ့ သမီးလေးကို ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။အောင်လအန်ဆန်း က လက်ရှိသူ့ရဲ့ မိသားစုဘဝလေးကို ချစ်မြတ်နိုး တန်ဖိုးထားရကြောင်း ကို ခုလိုပြောထားပါတယ်။

" မေမေနဲ့သားလေး၊သမီးလေးတို့အားလုံးကျန်းကျန်းမာမာနဲ့ပျော်ရွှင်နေကြတာကိုကြည့်နေရတာကိုကအရမ်းပီတိဖြစ်ဖို့ကောင်းပြီးကျွန်တော်အတွက်ပြည့်စုံနေပါပြီ။တခြားကျွန်တော့်အတွက်ဘာများလိုအပ်အုံးမှာလဲ?" ဆိုပြီးခုလိုပြောထားပါတယ်။

ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ သူ့ရဲ့ လက်ရှိရထားတဲ့ မိသားစုဘဝလေးကြောင့် ကျေနပ်ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Aung La Nsang

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။