နေထိုင်မကောင်းဖြစ်နေတာတောင် ပရော်ဖက်ရှင်နယ်ပီသစွာ ရိုက်ကူးရေးကို အပြီးသတ်လုပ်ပေးခဲ့တဲ့ Hyun Bin

Posted on - Feb 25 []

Mia Zin

စာရေးသူ

"ဗိုလ်ကြီး" ဆိုတဲ့ အခေါ်အဝေါ်နဲ့ လက်ရှိမြန်မာပရိသတ်တွေအကြားမှာ နာမည်ကြီးနေတဲ့ မင်းသား Hyun Bin ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တာနဲ့အညီ အလုပ်အပေါ်ထားရှိတဲ့ စိတ်ဓာတ်ပိုင်းမှာဆိုရင်လည်း ပရော်ဖက်ရှင်နယ်ပီသလွန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အလုပ်နဲ့ပတ်သတ်လာရင် Hyun Bin ရဲ့ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့ဖြစ်ရပ်တစ်ခုကို သူ့ရဲ့အေဂျင်စီဖြစ်တဲ့ VAST Entertainment ကနေပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တုန်းက တင်ပေးလိုက်တဲ့ အမှတ်တရဗီဒီယိုတစ်ခုကနေ တွေ့မြင်နိုင်ပါတယ်။ အဲဒီဗီဒီယိုကတော့ 'Crash Landing on You' ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးရိုက်ကူးရေးနေ့တုန်းက အမှတ်တရအနေနဲ့ ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုလေးပါပဲ။

အဆိုပါဗီဒီယိုထဲမှာ အေဂျင်စီက၀န်ထမ်းတွေဟာ ၆ လအကြာမျှရိုက်ကူးရေးလုပ်ပြီးနောက် အောင်မြင်စွာအပြီးသတ်နိုင်ခဲ့တဲ့ Hyun Bin ကို ဂုဏ်ပြုဖို့အတွက် ပန်းစည်းနဲ့ ကိတ်မုန့်ကိုယူဆောင်ပြီး ဇာတ်သိမ်းခန်းရိုက်ကူးရာနေရာဆီကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

အဲဒီအခါကျတော့မှသာ သိရတာက Hyun Bin ဟာ 'Crash Landing on You' ဇာတ်လမ်းတွဲရဲ့ဇာတ်သိမ်းခန်းကို ရိုက်ကူးနေခဲ့စဉ်အချိန်တုန်းက ပင်ပန်းနေယုံသာမကပဲ နေထိုင်မကောင်းဖြစ်တယ်ဆိုတာပဲ။ ဒါ့အပြင် အဲဒီနေ့တုန်းက ဇာတ်သိမ်းခန်းကို ညသန်းခေါင်းထိရိုက်ကူးပြီးတော့မှသာ အပြီးသတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလိုမျိုးနေထိုင်မကောင်းဖြစ်နေခဲ့တယ်ဆိုသော်ငြားလည်း တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေခဲ့တဲ့အပြင် အပြုံးမပျက်ပဲ ရိုက်ကူးရေးကို အချိန်ပေးပြီးအပြီးသတ်ပြုလုပ်ပေးခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ Hyun Bin ရဲ့ အလုပ်အပေါ်မှာ အလေးထားတဲ့စိတ်ဓာတ်ကို အတိုင်းသားတွေ့မြင်နိုင်တဲ့ဖြစ်ရပ်လေးတစ်ခုပါပဲနော်။

Ref : KStarLive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။