ကမ္ဘာ့အလှဆုံး ကလေးငယ်လေးရဲ့ လက်ရှိပုံစံက ဘယ်လိုမျိုးဖြစ်နေပြီလဲ?

Posted on - Feb 25 []

Rowena

စာရေးသူ

Anastasiya Knyazeva ဆိုတဲ့ မိန်းကလေးကတော့ (၂၀၁၇) ခုနှစ်မှာ ကမ္ဘာ့အလှဆုံး ကလေးငယ်လေးအဖြစ် သက်မှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လူတွေက Anastasiya Knyazeva ကို နောက်တစ်ချိန်မှာ Vogue Paris မဂ္ဂဇင်းရဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ ဆိုထားကြပါတယ်။ သူမရဲ့ ချစ်စရာကောင်းပြီး နက်ရှိုင်းတဲ့ အပြာရောင်မျက်လုံးများ၊ ရှည်လျားတဲ့ အညိုရောင်ဆံပင်တွေနဲ့ ကောင်းကင်တမန်နတ်သမီးလေးတစ်ပါးလိုလှတဲ့ မျက်နှာလေးကြောင့် လူများစွာ၏ နှလုံးသားကိုလွှမ်းမိုးနိုင်သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ Anastasiya Knyazeva က အခုဆိုရင် Instagram မှာ ဖော်လိုဝါပေါင်း 1.4 မီလီယံထိ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

Anastasiya လေးက (၂) နှစ်ဖွဲအရွယ်မှာတင် ကလေးမော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး (၄) နှစ်အရွယ်မှာတော့ လူသိများ ထင်ရှားလာခဲ့ပါတယ်။ ကင်မရာကို မကြောက်ပဲ သဘာဝအတိုင်း လှုပ်ရှားနိုင်တဲ့ သူမရဲ့ ပုံစံလေးကြောင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်းများစွာရဲ့ မျက်စိကျခြင်းခံခဲ့ရပါတယ်။ (၂၀၁၅) ခုနှစ်မှာတော့ Anastasiya ရဲ့ မေမေက Anastasiya အတွက် ကိုယ်ပိုင် အင်စတာဂရမ်အကောင့်ကို ဖွင့်လှစ်ပေးခဲ့ပြီး လူပိုသိလာအောင် ပြုလုပ်ပေးခဲ့ပါတယ်။

(၂၀၁၇) ခုနှစ်မှာတော့ The Daily Mail သတင်းဌာနက အသက် (၆) နှစ်အရွယ် Anastasiya လေးကို "ကမ္ဘာ့အလှဆုံးမိန်းကလေးငယ်လေး" အဖြစ် ဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အရုပ်မလေးလို ဝိုင်းစက်လှပတဲ့ မျက်ဝန်းပြာပြာလေးတွေကို အံ့အားသင့်သဘောကျကြပါတယ်။

(၂၀၁၈) ခုနှစ်မှာတော့ Anastasiya က ပြင်သစ်မဂ္ဂဇင်း L’Officiel ရဲ့ "ကမ္ဘာ့အလှဆုံးကလေး" နံပါတ် (၅) နေရာကို ရရှိခဲ့ပါတယ်။ တဖြည်းဖြည်း လူသိများလာခဲ့တဲ့ Anastasiya လေးက Chobi Kids, Kenguru, Kia Motors စတဲ့ ကလေးအဝတ်အထည်တံဆိပ်တွေနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး TV shows တွေမှာ တင်ဆက်သူပြုလုပ်ခြင်း၊ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

လူတွေအများကြီးရဲ့ အာရုံစိုက်ခြင်းကိုခံရပေမယ့် Anastasiya လေးကတော့ သာမာန်ကလေးတစ်ယောက်လို နေထိုင်လျက်ရှိပါတယ်။ သူမဟာ သာမာန်ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်ခဲ့ပြီး သူမဘယ်လောက် နာမည်ကျော်လဲဆိုတာကို နားမလည်ရှာပါဘူး။ တခြားကျောင်းက ကလေးတွေက သူမကိုတွေ့ဖို့ လာတယ်ဆိုတာကို သိရချိန်မှာတော့ တော်တော်လေး အံ့အားသင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမရဲ့ မိဘတွေက သူမကို သာမာန်ကလေးတစ်ယောက်လိုပဲ ပြုစုပျိုးထောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

Anastasiya က သူမရဲ့ မော်ဒယ်အလုပ်နဲ့ ကျောင်းဘဝအကြားမှာ ကောင်းမွန်သော ဟန်ချက်ညီမှုကို ရှာဖွေရန်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ Anastasiya က အင်္ဂလိပ်စာနဲ့ အကသင်ပြီး သူမရဲ့ အကြီးမားဆုံးဝါသနာကတော့ သီချင်းဆိုရတာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ Anastasiya က အသက်ကြီးလာရင် စားဖိုမှုး ဒါမှမဟုတ် တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်လိုပါတယ်တဲ့။

Anastasiya ရဲ့ မိသားစုတွေက ဖက်ရှင်နဲ့ မော်ဒယ်လောကနဲ့ အဆက်အသွယ်မရှိသူများ ဖြစ်ကြပါတယ်။ သူမရဲ့ မေမေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဖေဖေကတော့ ကားစက်ရုံတစ်ရုံမှာ အလုပ်လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ Anastasiya မှာ သူမထက် (၇) နှစ်ကြီးတဲ့ Artemii ဆိုတဲ့ အစ်ကိုတစ်ယောက်လည်း ရှိပါသေးတယ်။

(၂၀၁၁) ခုနှစ်မှာ မွေးဖွားတဲ့ Anastasiya က အခုဆိုရင် (၁၀) နှစ်နီးပါးအရွယ်ကို ရောက်နေပြီပဲ ဖြစ်ပါတယ်။ Anastasiya လေးတစ်ယောက် သူမရဲ့စိတ်ကူးအိမ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

Kid
Ref: brightside

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။