ဝါရင့် Idol တစ်ဦးထုတ်ဖော်ပြောပြခဲ့တဲ့ မင်းသမီး Jun Ji Hyun ရဲ့ အလယ်တန်းကျောင်းသူဘ၀တုန်းကပုံစံ

Posted on - Feb 26 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Jun Ji Hyun နဲ့ ၀ါရင့် Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fin.K.L ရဲ့ အဖွဲ့ဝင်ဖြစ်သူ Ock Ju Hyun တို့ဟာဆိုရင် ငယ်စဉ်အရွယ်ကတည်းက သိကျွမ်းရင်းနှီးကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

Ock Ju Hyun ဟာ MBC FM4U ရဲ့ “Good Morning FM Jang Sung Kyu” ဆိုတဲ့ ရေဒီယိုအစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်တင်ဆက်ခဲ့တုန်းက ထိုအစီအစဉ်ကနေတဆင့် မင်းသမီး Jun Ji Hyun ရဲ့ အလယ်တန်းကျောင်းသူဘ၀ပုံစံကို အမှတ်တရအနေနဲ့ ပြောပြသွားခဲ့ပါတယ်။

အစီအစဉ်မှာ တင်ဆက်သူ Jang Sung Kyu က "မင်းနဲ့ Jun Ji Hyun တို့က အလယ်တန်းကျောင်းသူဘ၀ကတည်း စီနီယာနဲ့ ဂျူနီယာလိုမျိုး ခင်မင်ရင်းနှီးခဲ့ကြတယ်လို့ ငါ ကြားထားတယ်" လို့ဆိုကာ စကားဝိုင်းကိုအစချီပေးခဲ့ပြီး အဲဒီနောက်မှာတော့ Ock Ju Hyun က သူမနဲ့ Jun Ji Hyun တို့ရဲ့ ခင်မင်ရင်းနှီးမှုပုံစံကို ပြောပြခဲ့တာဖြစ်ပါတယ်။

"ကျွန်မတို့ ၂ ယောက်က အမ်းဂျူ အလယ်တန်းကျောင်းမှာ အတူတူတက်ခဲ့ကြတာပါ။ အဲဒီတုန်းက Jun Ji Hyun ရဲ့ နာမည်က Wang Ji Hyun လေ။ အလယ်တန်း ဒုတိယနှစ် အခန်း ၁၄ က အရမ်းလှတဲ့ဂျူနီယာမလေးဖြစ်တဲ့ သူမကို ကျွန်မ ကောင်းကောင်းကြီးမှတ်မိတာပေါ့" လို့ဆိုကာ ပြန်လည်တုံ့ပြန်ပြောသွားခဲ့ပါတယ်။

"ကျွန်မ ကဗျာနည်းပြအဖြစ် မလုပ်ခင်အချိန်ကတည်းက Jun Ji Hyun က သူမရဲ့ အလှကြောင့် ကျောင်းမှာနာမည်ကြီးနေပြီလေ။ သူမ လမ်းလျှောက်လာပြီဆိုရင် ကာတွန်းထဲက ဇာတ်ကောင်အတိုင်းပဲ အရမ်းလှတာ ကျောင်းသားတွေရဲ့အကြည့်ဆိုလည်း သူမဆီမှာပဲ။"

Jun Ji Hyun ရဲ့ ပုံစံက ဘာသိဘာသာနေတတ်တယ်ဆိုပေမယ့် လိမ္မာပါးနပ်မှုတော့ရှိတယ်ရှင့်" လို့ဆိုပြီးတော့လည်း Jun Ji Hyun ရဲ့ အလယ်တန်းကျောင်းသူဘ၀တုန်းကပုံစံကို ပြောပြခဲ့ပါတယ်။

အနုပညာရှင်တွေဖြစ်ပြီးနောက် Jun Ji Hyun နဲ့ ပွဲတွေမှာတွေ့ဖြစ်လားဆိုပြီးမေးမြန်းရာမှာတော့ Ock Ju Hyun က "အရင်တုန်းက ခဏခဏတွေ့ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့သွားတဲ့ အလှပြင်ဆိုင်တွေက တူတာကိုး။ အခုတော့ သွားတဲ့ ကိုယ်ခန္ဓာလေ့ကျင့်ရေးခန်းမ တူတယ်ရှင့်" လို့ပြောကာ စကားဝိုင်းကို အဆုံးသတ်ခဲ့ပါတယ်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။