ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရေသတ္တဝါလေးတွေကို မဝယ်သင့်တော့ကြောင်း ပြောလာတဲ့ သန္တာလှိုင်

Posted on - Feb 26 []

Moe Kalay

စာရေးသူ

မော်ဒယ်လောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်က လက်ရှိမှာလည်း မော်ဒယ်လောကကို ဦးဆောင်ထားနိုင်သူတစ်ယောက်ပါပဲ။ သန္တာလှိုင်က သူမဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သန္တာလှိုင်က ပင်လယ်ကမ်းခြေမှာ ရောင်းချနေတဲ့ ရေသတ္တဝါလေးတွေနဲ့ ပက်သတ်ပြီး သူမရဲ့အမြင်ကို အခုလိုပဲ ပြောလာပါတယ်။

" ဝယ်သူရှိလို့ ရောင်းသူတွေရှိနေတာပါ။ အခုလိုခေတ်ကြီးမှာ ဒါမျိုးတွေ ရောင်းဝယ်နေသေးတာ တွေ့ရတော့ အံ့ဩမိတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်တုန်းကတော့ ဝယ်တဲ့သူတွေထဲမှာ ကျွန်မလဲ ပါခဲ့ပါတယ်။ အခုချိန် ပင်လယ်ကြီးပျက်စီးနေလို့ ကျွန်မတို့တွေ အသက်ဆက်ဖို့ ပင်လယ်ကြီးကို ထိန်းသိမ်းကြဖို့ တစ်ကမ္ဘာလုံးမှာ ပညာပေးတွေ လုပ်နေချိန်မှာ ဒါမျိုးတွေရှိနေသေးတာကို တွေ့ရတော့ ရင်မောမိတယ်။"

" နှစ်သန်းပေါင်းများစွာ မလျော့မပါး ရှင်သန်ခဲ့တဲ့ ပင်လယ်နဲ့ ရေသတ္တဝါတွေဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ အတွင်းမှာ ၈၀ ရာနှုန်းကျော် ပျက်သုန်းသွားပါပြီတဲ့။ ဒီအတိုင်းဆက်ပြီး ပျက်စီးသွားမယ်ဆိုရင် ကျွန်မတို့ ဘယ်လိုအသက်ဆက်ကြမှာလဲနော်။ ကုန်းပေါ်က သဘာဝတောတောင်တွေက ၆၅ ရာနှုန်းကျော် ပျက်စီးသွားပါပြီတဲ့။ ရေကြီး မိုးခေါင် တောမီးလောင် မုန်တိုင်းကျနေတာတွေလဲ ဘာကြောင့် ပိုမို များပြားလာတာ သက်သေပါ။"

"ဘာပဲဖြစ်ဖြစ် ဒီ post လေးက ​တစ်ဖက်တစ်လမ်းကနေ အကူအညီ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တတ်နိုင်သလောက် ရှယ်ပေးကြပါ။ ကျွန်မတစ်ယောက်ထဲနဲ့ အားလုံးရဲ့ အမြင်ကို မပြောင်းလဲနိုင်ပေမယ့် တစ်ယောက်ချင်းစီကသာ တတ်နိုင်သလောက် ကူညီမယ်ဆိုရင် နဲနဲပြောင်းလဲလာတာလဲ ကျွန်မတို့အားလုံးရဲ့ အနာဂတ်အတွက် အမြတ်ပါပဲ။"

"ကုန်လုနီးနီးဖြစ်နေတဲ့ ရေသတ္တဝါတွေက ကျွန်မတို့ရဲ့အိမ်ထဲမှာ မရှိသင့်ပါဘူး။ ကျွန်မတို့ဆက်ပြီး ရေရှည်ရပ်တည်ဖို့ သူတို့တွေလဲ သူတိုရဲ့ နေရာမှန်မှာ အသက်ရှင်လျက်နဲ့ သူတို့ရဲ့ အလုပ်ကို လုပ်နေဖို့ လို့အပ်ပါတယ်။ When the buying stops selling stop too.... ✋ 🛑" ဆိုပြီး ပြောလာပါတယ်။

ကမ္ဘာကြီးက တစ်နေ့တစ်ခြား ယိုယွင်းပျက်စီးလာတာနဲ့ အမျှ လူသားတွေက ဝိုင်းဝန်းထိန်းသိမ်းပေးရမယ့် ဝတ္တရားရှိပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

mklay
Source: Thandar Hlaing 's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။