Gay တစ်ယောက်အဖြစ်နေထိုင်ခြင်းကို အမှားတစ်ခုလို့ မတွေးမိတော့ဘူးလို့ဆိုလာတဲ့ ဥက္ကာမင်းမောင်

Posted on - Feb 26 []

Moe Kalay

စာရေးသူ

မျက်ခုံးထူထူလေးနဲ့ ပရိသတ်တွေချစ်ခဲ့ရတဲ့ မင်းသားချော ဥက္ကာမင်းမောင်ဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်မှန်း အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဥက္ကာမင်းမောင်ရဲ့ အချစ်ရေးဟာ အစပိုင်းမှာ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဥက္ကာမင်းမောင်ကတော့ သူရဲ့ဘဝကို အကောင်းဆုံးနဲ့ အရိုးသားဆုံးသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဥက္ကာမင်းမောင်က သူ့အနေနဲ့ Gay တစ်ယောက်အဖြစ်နေထိုင်ခြင်းကို အမှားတစ်ခုလို့ မသက်မှတ်တော့တဲ့အကြောင်း အခုလိုပဲ ပြောထားပါတယ်။

" အချစ်ဆိုသော အရာမှာ ဘာကန့်သတ်ချက်မှ မရှိပါဘူး။ ယောင်္ကျားချင်းဖြစ်ဖြစ်၊ မိန်းမချင်းဖြစ်ဖြစ်၊ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်။ တန်ဖိုးထားတယ်။ သေတဖန်သက်တစ်ဆုံး ဆိုးတူကောင်းဖက် ဘဝလက်တွဲဖော်အနေနဲ့ ထာဝရတူတူနေသွားတယ်ဆိုတာ ကံကောင်းခြင်းမင်္ဂလာပါ။ အဲ့လို ဘဝနောက်ဆုံးချိန်ထိတူတူ နေခွင့်ရတဲ့သူတွေ လောကကြီးမှာရှားပါတယ်။"

" ကံတရားကြောင့်၊ ဘဝပေးအခြေအနေကြောင့်၊ ပတ်ဝန်းကျင်ကြောင့်၊ တွဲလာတာ အချိန်တွေကြာလာတော့ ချစ်ခြင်းတွေပြောင်းလဲသွားတာကြောင့်၊ ကိုယ့် အိမ်ထောင်ဖက်က နှိပ်စက်တာကြောင့်၊ ဖောက်ပြန်တာကြောင့်၊ အကြောင်းကြောင်းပေါင်းများစွာနဲ့ ယောင်္ကျားနဲ့ မိန်းမ စုံတွဲတွေမှာရော၊ ကျွန်တော်တို့လို LGBTQ စုံတွဲတွေမှာရော တွေ့နေမြင်နေကြားနေရတယ်။ ကျွန်တော်ကိုယ်တိုင် ဘဝရဲ့ အဆိုးဆုံးဆိုတဲ့ အချိန်တွေကျော်ဖြတ်ခဲ့ပြီးပြီ။"

"ကျွန်တော် ဆုတောင်းပါတယ်။ ကျွန်တော် ကောင်းအောင်ပဲနေမယ်။ သစ္စာရှိစွာပဲရှေ့ဆက်မယ်။ ကျွန်တော့်ဘဝကို ကိုယ်ချစ်တဲ့သူနဲ့ ဆံဖြူသွားကျိုး ဒုတ်ကောက်နဲ့ လမ်းလျှောက်ရချိန်ထိ ကျွန်တော်သူနဲ့ တူတူရှိချင်ပါတယ်။ ကျွန်တော်တို့ဘဝ မပြည့်စုံသေးပါဘူး။ ချမ်းလဲ မချမ်းသာဘူး။ ဒါပေမယ့် သူကျွန်တော့်ကို စိတ်ချမ်းသာအောင်ထားတယ်။ ကျွန်တော်တို့နှစ်ယောက် အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းနေတယ်။"

"ခရီးတူတူထွက်တယ်။ သူ့ကြောင့် ကျွန်တော်ကြိုးစားချင်စိတ်တွေဖြစ်တယ်။ ကျွန်တော့် မိဘ အတွက်အပြင် သူ့အတွက်လဲ ကျွန်တော်အောင်မြင်ချင်တယ်။ အလှူရေစက် လက်နဲ့မကွာလှူနိုင်တဲ့ အခြေအနေအထိ ကျွန်တော်တို့ နှစ်ယောက်ဘဝတိုက်ပွဲဝင်နေဆဲပါ။ ကျွန်တော့်ဘဝဖြစ်တည်မှူ Gay တစ်ယောက်အဖြစ်နေထိုင်ခြင်းကို အမှားတခုလို့ မတွေးမိတော့ဘူး။ ဘယ်တော့မှ နောင်တလဲမရဘူး။ ဖြစ်ရာဘဝမှာကောင်းအောင်ပဲနေတယ်။"

ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းနဲ့သာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

mklay
Source: ဥက္ကာမင်းမောင်'s fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။