အလိုက်မသိလွန်းတဲ့ ပါပါရာဇီတွေနဲ့ ထိပ်တိုက်ပွဲကြမ်းခဲ့ကြတဲ့ ကမ္ဘာကျော်ဆယ်လီဘရစ်တီများ

Posted on - Feb 28 []

Rowena

စာရေးသူ

အင်တာနေရှင်နယ် ဆယ်လီဘရစ်တီတော်တော်များများဟာ ပါပါရာဇီတွေကို မနှစ်သက်ကြပါဘူး။ ပါပါရာဇီတွေဟာ ဆယ်လီတွေ အပြင်ထွက်တဲ့အားလပ်ချိန်တွေမှာ အလိုက်မသိပဲ ဓာတ်ပုံပေါင်းများစွာကို ခိုးယူရိုက်တတ်ကြလို့ ပါ။ အဲ့လို လိုက်နှောင့်ယှက်တာတွေကို မကြိုက်ပေမဲ့လည်း ဆယ်လီဘရစ်တီအများစုဟာ ဘာမှပြန်တုံ့ ပြန့် လေ့မရှိပါဘူး။ ဒါပေမဲ့ တစ်ချို့ ဆယ်လီတွေကတော့ ပါပါရာဇီတွေကို လူရှေ့ သူရှေ့ မှာပဲ ပြန်တိုက်ခိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Halle Berry

Catwoman မင်းသမီးချော Halle Berry ဟာ သူမနဲ့သူမရဲ့ ကလေးတွေကို ပါပါရာဇီတွေရန်ကလွတ်အောင်နေရတာကို ပင်ပန်းငြီးငွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ သူမမှာ သူမရဲ့ ဓာတ်ပုံတွေကို အလိုမတူပဲရိုက်ကူးတဲ့ပါပါရာဇီတွေကို အပြစ်ပေးနိုင်တဲ့ Law တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ " ကျွန်မတို့ဟာ ကျွန်မတို့ကလေးတွေကို ကာကွယ်ပေးနေရတဲ့ မိခင်တွေပါ။ ကလေးတွေဟာ ဆယ်လီဘရစ်တွေလို မေးခွန်းတွေလျှောက်မေးခံရဖို့ အရွယ်မရောက်သေးပါဘူး " လို့ Halle Berry ကပြောခဲ့ပါတယ်။

Kanye West

ကမ္ဘာကျော် ရက်ပ်အဆိုတော် Kanye West ဟာ ပါပါရာဇီတွေကို မုန်းသူတစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ သူဟာ ပါပါရာဇီတွေရဲ့ ကင်မရာတွေကိုဖျက်ဆီးလေ့ရှိပြီး အနာတရဖြစ်အောင်လည်း လုပ်တတ်သူပါ။ တစ်ခါတုန်းကလည်း ပါပါရာဇီတစ်ယောက်ကို အကြောင်းမရှိပဲ ထိုးနှက်ခဲ့တဲ့အတွက် အချုပ်ထဲမှာ (၁) နာရီလောက်နေခဲ့ရပြီး ဒေါသဖြေလျှော့ပေးစေတဲ့ သင်တန်းတွေကိုပါ တက်ခဲ့ရပါသေးတယ်။

Britney Spears

Slumber Party သီချင်းအဆိုတော် Britney Spears ဟာ ပါပါရာဇီတစ်ယောက် သူမနောက်ကို ဓာတ်ပုံလိုက်ရိုက်ခဲ့တဲ့အတွက် အရမ်းစိတ်ဆိုးခဲ့ပြီး ပါပါရာဇီရဲ့ ကားကို ထီးနဲ့လိုက်ရိုက်ခဲ့ပါတယ်။ ထိုအချိန်တုန်းက ဘရစ်တနီတစ်ယောက် ဒေါသအလိပ်လိုက်ထွက်နေပြီး ထီးကျိုးသွားတဲ့အထိကို လိုက်ရိုက်ခဲ့တာပါ။

Justin Bieber

I Don't Care သီချင်းအဆိုတော် Justin Bieber ဟာ သူ့ရဲ့ ဘော်ဒီဂတ်က ဆွဲထားရတဲ့အထိကို ဒေါသတကြီးဖြစ်ခဲ့တာပါ။ တစ်ကယ်တော့ ပါပါရာဇီ့ဘက်က ဘီဘာကိုအရင်ဆဲခဲ့တာဖြစ်ပြီး ဘီဘာကလည်း "I'll fucking beat the fuck out of you" ဆိုပြီး ကားထဲကပြန်ထွက်လာပြီး အော်ဆဲခဲ့ပါတယ်။ ဘော်ဒီဂတ်သာထိန်းမထားနိုင်ခဲ့ဘူးဆိုရင်တော့ ဘီဘာနဲ့ ပါပါရာဇီတို့ ရန်ပွဲတွေအကြီးအကျယ်ဖြစ်ကုန်မှာပါ။

Kid
Ref : Smosh

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။