နာမည်ကြီး Horror ရုပ်ရှင်တွေထဲက သရုပ်ဆောင်တို့ရဲ့အမှန်အကန် ရုပ်ရည်တွေ

Posted on - Feb 28 []

Rowena

စာရေးသူ

အနောက်တိုင်းရုပ်ရှင်ဇာတ်ကားတွေဟာ တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံးရဲ့ တခဲနက်အားပေးမှုကိုရရှိတဲ့အဓိကအကြောင်းအရင်းကတော့ ဇာတ်ကားတစ်ကားအတွက် ဘယ်တော့မှဖြစ်ကတတ်ဆန်းမရိုက်ကူးပဲ Production Budget တွေမြောက်များစွာအကုန်ခံပြီး သရုပ်ဆောင်တွေရဲ့ ကျားကုပ်ကျားခဲကြိုးပမ်းမှုတွေ၊ ဇာတ်ညွှန်းအရပြောင်းလဲရမဲ့ ဇာတ်ကောင်ပုံစံတွေကို မဆိုင်းမတွပြောင်းလဲကြဖို့ ဝန်မလေးတတ်ကြတာကြောင့်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်ချစ်ပရိသတ်တွေအထူးအားပေးကြတဲ့ Horror ရုပ်ရှင်တွေမှာလည်း ကြောက်မက်ဖွယ်ပုံစံတွေပြောင်းလဲပြီး ဇာတ်ကားကို ပိုပြီးအသက်ဝင်ပီပြင်စေခဲ့တဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာလည်း ရှိနေပါသေးတယ်။ ထိတ်လန့်စရာဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့ရတာကြောင့် ရုပ်ရှင်ထဲမှာ မကြည့်ရဲလောက်အောင် ကြောက်စရာကောင်းလွန်းနေပေမဲ့လည်း လက်တွေ့ မှာတော့ ကွာခြားလွန်းနေတဲ့ Horror ရုပ်ရှင်သရုပ်ဆောင်တို့ ရဲ့ အမှန်အကန်ရုပ်ရည်တွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Jeepers Creepers ရုပ်ရှင်ထဲမှာ The Creeper အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jonathan Breck

Scream ရုပ်ရှင်ဇာတ်ကားထဲက Ghostface အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dane Farwell

Splice ရုပ်ရှင်ထဲမှာ ဂြိုလ်သူမလေး Dren အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Delphine Chanéac

The Grudge ရုပ်ရှင်ဇာတ်ကားထဲက Kayako အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takako Fuji

The Exorcist ရုပ်ရှင်ဇာတ်ကားထဲက Regan Macneil အဖြစ် Linda Blair

The Ring ရုပ်ရှင်ဇာတ်ကားထဲက Samara အဖြစ် Daveigh Chase

The Conjuring 2 ရုပ်ရှင်ဇာတ်ကားထဲက Valak အဖြစ် Bonnie Aarons

Pan’s Labyrinth ရုပ်ရှင်ဇာတ်ကားထဲက Pale Man အဖြစ် Doug Jones

ချစ်ရတဲ့ ပရိသတ်ကြီးရေ ... horror ဇာတ်ကားတွေထဲမှာ ပရိသတ်ကြီးတို့ မြင်ခဲ့ဖူးကြသလို သူတို့ရဲ့ရုပ်ရည်တွေဟာ အပြင်မှာလည်း တစ်ကယ်ကြောက်စရာကောင်းလား၊မကောင်းဘူးလားဆိုတာကို အခုဖော်ပြပေးလိုက်တဲ့ ပုံတွေကိုကြည့်ပြီး သိလောက်ပြီထင်ပါတယ်နော်။ ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်ချင်စိတ်တစ်ခုတည်းနဲ့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးပုံဖော်ရိုက်ကူးခဲ့ကြတဲ့ horror ရုပ်ရှင်သရုပ်ဆောင်တွေကို သဘောကျလေးစားတယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့နဲ့ဦးနော်။

Kid
Ref: demilked

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။