မင်းသားကြီးဂျက်ကီချန်းရဲ့ အမာခံပရိသတ်တိုင်း သိထားသင့်တဲ့ အကြောင်းအရာများ

Posted on - Feb 29 []

Rowena

စာရေးသူ

တရုတ်ပြည်မှာသာမက Hollywood က ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေထက်ပါ နာမည်ကြီးပြီး ကမ္ဘာတစ်ဝှမ်းမှာ အအောင်မြင်ဆုံး မင်းသားတစ်ယောက်ကိုပြောပါဆိုရင် မင်းသားကြီး Jackie Chan ကိုပဲ ပြောရမှာပါ။ ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်လေ့ရှိတဲ့ JC တစ်ယောက် အသက်(၆၅)နှစ်ပြည့်ပြီးတာတောင် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေတာတွေ့ ရပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားတွေစာရင်းမှာလည်း နှစ်စဉ်နှစ်တိုင်း ပါဝင်နေလေ့ရှိပါတယ်။ Jackie ဟာ သူ့ ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်ချစ်ပရိသတ်တိုင်းရဲ့ မေတ္တာကိုခံယူနိုင်တဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်နေနိုင်ခဲ့ပြီး အကောင်းဆုံးနဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားတွေများစွာကို ရိုက်ကူးပြသနိုင်ခဲ့တာကြောင့် Oscar ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မင်းသားကြီးဂျက်ကီချန်းရဲ့ အမာခံပရိသတ်တိုင်း မဖြစ်မနေသိထားသင့်တဲ့ အကြောင်းအရာတစ်ချို့ ပဲဖြစ်ပါတယ်။

ဂျက်​ကီချန်းရဲ့ငယ်​ဘဝက ​ကြမ်းတမ်းခဲ့တယ်​​လို့ ဆိုရမှာပါ​။ ဂျက်ကီရဲ့ ဖခင်ဟာ တရုတ်နိုင်​ငံဖက်​ကစပိုင်​တစ်​​ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ မူးယစ်​​ဆေး​မှောင်​ခို​ရောင်းတဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်​​ယောက်​ဟာ ​ထောင်​ထဲမှာ ဖူးစာဆုံခဲ့ကြတာဖြစ်ပြီး ဆင်းရဲလွန်းတဲ့အတွက်​ ဂျက်​ကီချန်းကို​မွေးဖို့ ​မွေးစရိတ်​​တောင်​မရှိခဲ့ပါဘူး။ ကြံရာမရတဲ့အဆုံးမှာတော့ ​ဆေးရုံစရိတ်​အတွက်​ ဂျက်​ကီ​ကို ဆရာဝန်​ဆီ (၂၆)​ဒေါ်လာနဲ့​ ရောင်းခဲ့ရပါတယ်​။

ဂျက်​ကီဟာ အနုပညာ​လောကထဲ မဝင်​သေးစဉ်တုန်းကလည်း Nightclub တစ်​ခုမှာ လုံခြုံ​ရေးလုပ်​ခဲ့ရပြီး Club မှာ​သောင်းကျန်း​နေတဲ့သူ​တွေကို အပြင်​ဆွဲ​ခေါ်ထုတ်​ရတဲ့အလုပ်​ကို တာဝန်ယူခဲ့ရပါတယ်။ ထိုအလုပ်​မှာကတည်းက ဂျက်ကီတစ်ယောက် ရန်ပွဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဂျက်​ကီ့မှာ ကိုယ်​ပိုင်​စတန့်​အဖွဲ့ လည်းရှိသေးပြီး Jackie Chan Stunt အဖွဲ့ကို (၁၉၇၆)ခုနှစ်​က စတင်တည်​​ထောင်​ခဲ့တာဖြစ်ပါတယ်။

ဂျက်​ကီဟာ သရုပ်​​ဆောင်​ပိုင်းမှာပဲ ပိုင်​နိုင်​တာမဟုတ်​ပဲ ဂီတပိုင်းမှာလည်း တကယ်​ထူးချွန်​တဲ့သူတစ်​​ယောက်​ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်​ဝင်​​တေး​တော်​​တော်​များများကိုလည်း သီဆိုခဲ့ဖူးပြီး Disney က ရိုက်​ကူးတဲ့ နာမည်ကြီး မူလန်အန်​နီး​မေးရှင်းထဲက I'll make a man out of you ဆိုတဲ့ သီချင်းကိုလည်း တရုတ်​ဗားရှင်းနဲ့ ပါဝင်သီဆိုခဲ့ပါ​သေးတယ်​။

သက်​စွန့်​ဆံဖျားသရုပ်ဆောင်လေ့ရှိတဲ့ ဂျက်ကီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း မကြာခဏ ​သေမလို​တွေဖြစ်​ခဲ့ရပါတယ်။ Armour Of God ဇာတ်​ကားမှာလည်း နံရံက​နေ သစ်​​ပင်​​ပေါ်ခုန်​ကူးတဲ့ဇာတ်​ဝင်​ခန်းမှာ သစ်​ပင်​​ပေါ်မ​ရောက်​ဘဲ ပြုတ်​ကျခဲ့တဲ့အတွက်​ ဂျက်​ကီရဲ့ဦး​ခေါင်းခွံကွဲသွားခဲ့ပြီး နောက်ပိုင်းမှာ ဂျက်​ကီရဲ့ညာဘက်​နားက ​ကောင်း​ကောင်းမကြားရ​တော့ပါဘူး။

ဂျက်​ကီဟာ အတူသရုပ်ဆောင်တဲ့ အက်​ရှင်​အဖွဲ့ သားတွေကို စိတ်သဘောထားပြည့်ဝစွာနဲ့ မိသားစုအရင်းလို ဆက်ဆံလေ့ရှိပြီး အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက်လည်း ဒဏ်​ရာရမှာစိုးတဲ့အတွက် အကာအကွယ်​​တွေ ဝတ်​​စေခဲ့ပါတယ်​။

ဂျက်ကီဟာ ဂင်းနစ်​စံချိန်​တင်​မှတ်​တမ်းမှာ တစ်​ကမ္ဘာလုံးကသရုပ်​​ဆောင်​​တွေထက်​ စတန့်​ပိုင်းအပိုင်နိုင်ဆုံးမှတ်တမ်းနဲ့ ဇာတ်​ကားတစ်​ကားထဲမှာတင် (၁၅)မျိုး လုပ်နိုင်တဲ့မှတ်တမ်း တို့ ရရှိထားတဲ့ မင်းသားလည်းဖြစ်​ပါတယ်​။ နာမည်ကြီး Zodiac ဇာတ်​ကားမှာ ဒါရိုက်​တာ၊ ဇာတ်​ညွှန်း၊ ပရိုဂျူဆာ၊ စတန့်​ဇာတ်​ညွှန်း၊ Theme song အဆို​တော်​ စသဖြင့်​ ဂျက်​ကီတစ်​​ယောက်​တည်းနဲ့ (၁၅)မျိုးလောက် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

Kid

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။